"ကလေး... ကလေးရေ... ကိုကိုခေါ်နေတယ်လေ... ထွက်မသွားပါနဲ့.... ကလေး.... ကိုကို့ကိုလှည့်ကြည့်ပါဦးကွာ... ထွက်မသွားပါနဲ့ကွာ..
ကိုယ်တောင်းပန်ပါတယ်... ကိုယ်ကလေးကိုစိတ်ဆင်းရဲအောင်လုပ်မိတာ တောင်းပန်ပါတယ်... ကိုယ့်ကိုမထားခဲ့ပါနဲ့... ကိုကိုကလေးကိုချစ်တယ်လေ... ကလေး!!!"
ရင်တုန်လှိုက်မောစွာ ငိုကြွေးအော်ဟစ်ရင်း အိပ်မက်ကနိုးထားလာရခြင်းက Saintအတွက်တော့ ဒါပထမဆုံးမဟုတ်တော့။
Perthအနားက ထွက်လာခဲ့တဲ့ 4နှစ်နီးပါးအချိန်ကာလမှာ မကြာခဏထိုသို့အိမ်မက်မက်ကာ ငိုကြွေးခဲ့ရသည်မဟုတ်လား။
အိပ်မက်ထဲမှာ Perthက သူ့ကိုနာကျဉ်းမုန်းတီးတဲ့ မျက်လုံးများနဲ့စိုက်ကြည့်ရင်း တဖြည်းဖြည်းဝေးကာ လှည့်ထွက်သွားတက်သည်။
ထိုအိပ်မက်ကို မြင်မက်ပြီး နိုးထလာတိုင်း အမြဲတမ်းအူလှိုက်သဲလှိုက် နာကြင်ငိုကြွေးခဲ့ရသည်။ဘယ်လောက်ပဲ အသည်းမာစွာ ချစ်ရသူကို ချန်ထားခဲ့ရပါစေ အသက်နဲ့ထပ်တူချစ်ရသူမို့ ရင်ထဲမှာတော့သေလောက်အောင်ခံစားရသည်။
သူထွက်လာခါစက Perthသေလုနီးပါးဖြစ်ကာ နှလုံးစက်ထည့်လိုက်ရတဲ့အခြေအနေမှာ သူကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း အိပ်ယာထဲ လဲခဲ့ရသည်လေ။
ဖြစ်နိုင်ရင် ချစ်သူဆီချက်ချင်းပင် ပြန်ပြေးသွားပြီး ဖက်တွယ်အားပေးချင်ပေမဲ့ ကိုယ်တိုင်ရွေးခြယ်ခဲ့တဲ့လမ်းမို့လို့ နာကြင်ခြင်းနှင့်သာ ဆက်လျှောက်ရတော့မည်။
Perthရဲ့အခြေနေကိုတော့ သူငယ်ချင်းဖြစ်သူGunကနေတဆင့် အမြဲတမ်းစုံစမ်းနေမိသည်။
"ကလေးရေ... ကိုယ်မင်းကိုအရမ်းချစ်ပါတယ်ကွာ... အခုတော့ကိုယ့်ကိုနားလည်ပေးပါ... ယုံကြည်ပေးပါ... ကလေးဆီကို တနေ့ကိုကိုပြန်လာခဲ့မှာပါ... အဲ့အချိန်ကျမှ ကလေးကြိုက်တဲ့အပစ်ပေးပါ... ကိုကိုခံယူပါ့မယ်... အခုတော့ ကလေးရဲ့အသိုင်းအဝိုင်းက လက်ခံနိုင်လောက်တဲ့ လူတယောက်ဖြစ်အောင် ကိုယ့်ကိုကြိုးစားခွင့်ပေးပါ...."
ထိုစကားတွေကို ချစ်ရသူမကြားနိုင်ပေမဲ့ ငိုကြွေးရင်းနှင့်သာ ဖွင့်ဟနေမိသည်။
YOU ARE READING
My Soulmate (Complete)
RomanceThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)