3

2.2K 245 7
                                    

Partyပွဲတလျှောက်လုံးမှာ ပုံရိပ်လေးကိုသာ ထပ်တွေ့ရမလားလို့ ရှာမိနေတဲ့Perthတယောက် ပွဲသာပြီးသွားသည် ထပ်တွေ့ချင်နေတဲ့ပုံရိပ်လေးကိုထပ်မတွေ့လိုက်ရ။

'အိမ်မက်ထဲမှာ ကျောခိုင်းပြီး သူ့ရှေ့ကသွားနေသလို အခုလဲ သူ့ကိုကျောခိုင်းပြီးသာ နေသွားခဲ့တဲ့ပုံရိပ်လေး ဘယ်တော့များမှ သူဘယ်သူလဲ ငါနဲ့ဘယ်လိုပက်သက်လဲဆိုတာ သိရပါ့မလဲ။

အိမ်မက်ထဲမှာတောင် တခါမှစကားမပြောဖူးတာ မျက်နှာချင်းဆိုင်တွေ့ရင်ရော သူကရော ငါ့ကိုသိပါမလား။ ငါကရော တွေ့ရင် သူ့ကိုဘာပြောရမှာလဲ အိမ်မက်ထဲကအကြောင်း သွားပြောပြရင် ငါ့ကိုရူးနေတယ်လို့ ထင်မှာပဲ။ ဟားတောင်ဟားခံရမယ်ထင်တယ်။

ထားပါ.... အခုလောလောဆယ် အရေးကြီးတာက သူ့ကိုနောက်တခါထပ်တွေ့ရဖို့နဲ့ သူဘယ်သူလဲဆိုတာ သိရဖို့ပဲ၊ အိမ်မက်အကြောင်းက နောက်မှပြောလို့ရပါတယ်လေ' အတွေးတွေကိုနယ်ချဲ့ရင်း Perthကားမောင်းကာအိမ်ပြန်လာခဲ့သည်။ ထိုညက သူအိပ်လို့မပျော် အတွေးများနဲ့ ခြာခြာလည်နေသည်။

နောက်နေ့တွေမှာ Perthကျောင်းရောက်တာနဲ့ ဂနာမငြိမ်။ ကန်တင်းမှာထိုင်ရင်လဲ မုန့်သာစားနေရတာ မျက်လုံးကတော့ ပုံရိပ်လေးကိုရှာနေမိသည်။
အတန်းချိန်အားသည်နှင့် ကျောင်းအနှံကားပတ်မောင်းကာ ရှာရသည်ကအမော။

ညနေပိုင်းတွေဆို ကျောင်းအားကစားကွင်းဘက် လူများသည့်နေရာသို့ သွားထိုင်ကာ ထပ်တွေ့ဖို့မျှော်လင့်နေတဲ့Perth တခါတခါတော့ကိုယ့်ကိုယ်ကိုစိတ်ပျက်လာမိသည်။

မသေချာမရေရာတဲ့ အလုပ်တခုကို လုပ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်ဒေါသထွက်မိသည်။ အရင်က လူများတဲ့နေရာတွေကိုရှောင်ကာ သူငယ်ချင်းတွေနှင့်အေးဆေးနေတက်သည့်သူက အခုဆိုရင် လူများတဲ့နေရာတွေသွားကာ ဟိုကြည့်ဒီကြည့်နှင့် ဖြစ်နေသည့်ပုံစံက သူ့styleမဟုတ်။
ထိုသို့ဖြစ်နေတာကို သူငယ်ချင်းတွေကလဲသတိထားမိလာကြသည်။

"Perth.... မင်းဘာဖြစ်နေတာလဲ အခုတလော ပုံမှန်မဟုတ်ဘူး လူများတဲ့နေရာတွေသွားလို့သွား ကျောင်းကနေလဲတော်တော်နဲ့မပြန်ဘူး.... ဟိုကြည့်ဒီကြည့်လုပ်လိုက် သက်ပြင်းချလိုက်နဲ့.... ဘာရှာနေတာလဲ..... မင်း မူပျက်နေတယ်နော်.... ဘာကိစ္စတွေရှိနေတာလဲ ငါတို့ကိုပြောလေကွာ.... ငါတို့လဲကူနိုင်တာရှိရင် ကူညီပေးမှာပေါ့"ဟု Planကပြောလာသည်။

My Soulmate (Complete)Where stories live. Discover now