Extra 1

1.5K 151 15
                                    

Pragueမှာ Perthနဲ့အတူ ဖြတ်သန်းရတဲ့အချိန်တွေက Saintအတွက်တော့ တန်ဖိုးရှိတာထပ်ပိုခဲ့သည်။

မနက်မိုးလင်းအိပ်ယာထတာနဲ့ မြင်ရတဲ့ ချစ်ရသူရဲ့မျက်နှာက ကမ္ဘာပေါ်မှာ အလှဆုံးဆိုတဲ့အရာတွေထပ် ပိုလှသည်မဟုတ်လား။

အခုလည်းဘေးမှာ အိပ်နေတဲ့ ကောင်ငယ်လေးရဲ့မျက်နှာကို နှစ်ခြိုက်စွာငေးကြည့်နေမိသည်။

လိုက်ကာကြားမှ တိုးဝင်လာတဲ့ နေရောင်ခြည်တလက်လက်က ချစ်ရသူပေါ်ကျလာတဲ့အခါ လူလောကရဲ့အလှပဆုံးပန်းချီကားတချပ်လို။

ဝင်သက်ထွက်သက် ပုံမှန်ရှူရင်း အိပ်မောကျနေတဲ့ကောင်လေးကတော့ ကလေးငယ်လေးတယောက်ပမာ။ အခုလိုပုံစံနဲ့တခြားလူတယောက်ကို ဒီကောင်လေးက အခုဆိုအသက်25နှစ်ပြည့်ခါနီးတဲ့ Tanaponလုပ်ငန်းစုကို ဆက်ခံမည့်MDပါဆိုပြီး သွားပြောရင် ဘယ်သူတွေက ယုံလိမ့်မလဲ။

"နုနယ်လွန်းတဲ့ကလေးလေး... အသက်ငယ်ငယ်ထဲက Peteဆိုတဲ့ ရှေးဘဝကချစ်သူကိုစွဲလမ်းခဲ့ရင်း ဒီဘဝမှာSaintဆိုတဲ့ ကိုယ့်တယောက်ထဲကိုပဲ အသက်ပေးပြီး ချစ်နေပေးတဲ့ကလေး.... ဘယ်လောက်တောင်ပင်ပန်းခဲ့ရပြီလဲ..."

ဒီလိုတွေ တွေးမိပြန်တော့ အရမ်းအားနာကာ သနားမိသည်။
"ကိုယ့်ကိုအရမ်းချစ်တာပဲလားကလေးရယ်....."

တီးတိုးရေရွတ်ရင်း အိပ်နေတဲ့ကောင်လေးနားသို့ ဖြေးညှင်းစွာတိုးကပ်သွားရင်း နဖူးပြေပြေလေးသို့ အနမ်းဖွဖွပေးမိသည်။

စိုစွတ်မှုကိုခံစားမိ၍ထင် မျက်ခုံးကျောလေးတွေကို တွန့်ရှုံ့ကာ မျက်လုံးလေးကို မှေးမှေးလေးလုပ်ကာ ဖွင့်ကြည့်လာလေသည်။

"အင်.... ကိုကို့ကြောင့် နိုးသွားတာလားကလေး..."

"အင်း... မသိပါဘူးကိုကိုရာ.... ဘယ်သူလည်းမသိဘူး လာခိုးနမ်းနေလို့လေ... နိုးသွားတာပေါ့"

ပြောရင်းနဲ့ သူ့ဘေးနားမှာ မှောက်ရက်လေးနေနေတဲ့ Saintရဲ့ ခါးလေးကို လက်နဲ့ဆွဲဖက်ကာ ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။

ရင်ခွင်ထဲကို ကျောပေးကာရောက်လာတဲ့ Saintကို ခြေထောက်တဖက်နှင့်ပါ လှမ်းခွထားရင်း ဂုတ်သားဖြူဖြူလေးတွေနဲ့ နားရွက်ကို အသဲယားစွာ စုပ်ယူနမ်းမိသည်။

My Soulmate (Complete)Where stories live. Discover now