46

1.1K 113 1
                                    

သူငယ်ချင်းဖြစ်သူ Summyကအလောတကြီး Companyသို့ရောက်ချလာ၍ Perthအံ့ဩသွားရသည်။

ဒီအချိန်ဆို သူသည်လည်း အလုပ်ထဲမှာ ရှိနေရမည်မဟုတ်လား။

Summyကတော့ ထုံးစံအတိုင်း အသံပြဲနှင့် ရုံးခန်းထဲသို့ဝင်ချလာသည်။ ဘာအကြောင်းအရာလဲမသိပေမဲ့ ကျွန်တော်ကတော့ ခရီးဦးမဆိုက် ထောမနာပြုမိသည်။

"Yaaaa... Ai' Sum ဒီနေရာကို နင့်အိမ်များမှတ်နေလား... ဒါငါ့ရုံးခန်းနော်.... သူငယ်ချင်းဆိုတာနဲ့ အဲ့လိုအော်ဟစ်ပြီး ဝင်ချင်တိုင်းဝင်လာလို့ရလား...."

"Arr...အေးပါ ကောင်စုတ်ရာ... နင်ငါပြတာကိုကြည့်ပီးရင် ငါ့ကိုအဲ့လေသံနဲ့ပြောဦးမလား... စောင့်ကြည့်မယ်... ရော့...ဒီမှာ...."

ပြောရင်းဆိုရင်း Summyသူ့စားပွဲပေါ် တင်ပေးလာတာက မဂ္ဂဇင်းတအုပ်။

"နင်အော်ပြဲပြီးဝင်ချလာရတာက ဒီမဂ္ဂဇင်းစာအုပ်ပေးမလို့လား.... ငါဒီမှာအလုပ်ရှုပ်နေတယ်လေ.... နင့်မဂ္ဂဇင်းမဖတ်အားသေးဘူး....."

"ကောင်စုတ်.... နင်အခုနောက်ပိုင်း တော်တော်ကြီးကျယ်လာတယ်နော်.... ငါကရော အလုပ်အားယားနေလို့ နင့်ဆီကိုမဂ္ဂဇင်းစာအုပ်လာပို့တယ်များ ထင်နေလား.... ဒီမှာကြည့်ဦး... ဘာပါလာလည်းဆိုတာ... အရင်ဖြင့်ဖွင့်မကြည့်ဘူး.... သူများကစေတနာနဲ့ အလုပ်တောင်အပျက်ခံပြီး သူ့ဆီပြေးလာတာကို..."

တပြစ်တောက်တောက်ပြောရင်း Summyက ခပ်မြန်မြန်ပင် Book Markညှပ်ထားတဲ့ စာမျက်နှာကို လှန်ချလိုက်သည်။

မြင်တွေ့လိုက်ရတဲ့အကြောင်းအရာက ကျွန်တော့သွေးတွေကို ပြောင်းပြန်လှန်ကာ နှလုံးသားတခုလုံး ပေါက်ကွဲထွက်တော့မလို စူးကနဲ....

"ကိုကို...."

ပါးစပ်ဖျားမှပွင့်ထွက်လာတဲ့အမည်နာမတခု။

ဟုတ်တယ်... ကိုကို...

လွမ်းနေခဲ့ရတဲ့မျက်နှာလေး.... လွမ်းနေခဲ့ရတဲ့အကြည့်လေး....
လွမ်းနေခဲ့ရတဲ့နှုတ်ခမ်းဖူးဖူးလေးထက်က အပြုံးလေး...
လွမ်းနေခဲ့ရတဲ့ ချစ်ရတဲ့သူပုံရိပ်လေး....

မဂ္ဂဇင်းစာမျက်နှာထက်က ကိုကို့ရဲ့ပုံရိပ်လေးက တည်ကြည့်ခန့်ညားလို့နေသည်။ အရင်ကထပ်ပိုပြီးချောင်ကျသွားတဲ့မျက်နှာတွေကပဲ ကိုကို့မေးရိုးတွေကိုပေါ်လာစေကာ ပိုမို၍ကြည့်ကောင်းလာသလို။ ဖြူဥနုဖတ်နေတဲ့မျက်နှာလေးရဲ့ ချစ်ဖို့ကောင်းမှုကြီးကတော့ အခုထိတိုင်ပျောက်မသွားခဲ့။

My Soulmate (Complete)Where stories live. Discover now