16

1.8K 228 38
                                    

လက်ကောက်ဝတ်ကိုကိုင်ကာ အားနဲ့ဆွဲခေါ်လာတာကြောင့် အနောက်ကနေ မလိုက်ချင်လိုက်ချင်နှင့်ပါလာတဲ့ Saintတယောက် Clubအပြင်ကိုရောက်တော့ မျက်နှာကိုဆူပုတ်ကာ "Ai' Perth... မင်းဘာဖြစ်တာလဲ ဘာလို့ငါ့ကို အတင်းဆွဲခေါ်လာတာလဲ..... မင်းရှုပ်တာနဲ့ အခွင့်အရေးကောင်းလေး လွတ်သွားပြီ.... တော်ပြီ မင်းသွားတော့... ငါ့ဘာသာငါပဲပြန်တော့မယ်"

ပြောရင်းနှင့် သူ့ကိုကျောခိုင်းကာထွက်သွားတဲ့ P' Saintကိုလိုက်ကြည့်ရင်း Perthသက်ပြင်းမောတခုကိုချလိုက်ကာ "Singaporeမှာ P' Ployနဲ့ဘာတွေများဖြစ်လာတာလဲကွာ..."ဟုစဉ်းစားနေမိသည်။

နောက်ရက်တွေမှာ Saintတယောက် ပုံမှန်အတိုင်း ကျောင်းသို့ပန်းချီလာသင်ပေးသည်။ ကျောင်းကန်တင်းမှာအချိန်ဖြုန်းသည်။ ညနေဘက်တွေမှာ clubသွားပြီး ပျော်ပါးသည်။ တခါတခါ သူငယ်ချင်းတွေကိုခေါ်ကာ Partyပွဲတွေတောင်လုပ်လိုက်သေးသည်။ ဒီလိုပုံစံက Saintရဲ့ ပုံစံမဟုတ်တာကြောင့် P' Gunတို့ကအစ အံ့သြနေကြသည်။ Perthလဲ Saintလုပ်သမျှတို့ကို ကွယ်ရာမှလိုက်ကြည့်နေရုံမှတပါး ဘာမှမတက်နိုင်။

ဒီလိုနဲ့ Perthတို့အဖွဲ့လိုက်ခရီးထွက်ဖို့အကြောင်းဖန်လာပြန်သည်။ P' Gunမွေးနေ့အနေနှင့် ဖူးခက်ကို သွားလည်ကြမည်ဖြစ်သည်။

Bkkကနေ ဖူးခက်ကို လေယာဉ်နှင့်သွားကြမည်ဖြစ်သည်။ P' Saintကတော့ ဝတ်စားပုံကအစ အရင်ကလိုမဟုတ်တော့ဘဲ အပျော်အပါးမက်တဲ့ ခပ်လန်းလန်းကောင်လေးတယောက်အထာမျိုးဖြစ်အောင်ဝတ်ထားလေသည်။ ကောင်မလေးတွေကိုတွေ့ရင်လဲ လည်ပြန်နေအောင်လိုက်ကြည့်သည့်အပြင် တခါတခါ လှမ်းပြုံးပြတာတွေတောင်လုပ်နေသေးသည်။

ဖြစ်နိုင်လျှင် Saintနားကိုသွားကာ မျက်နှာကိုဆွဲလှည့်၍ "P' ကျွန်တော့ကိုသေချာကြည့်ပါဦး.... ကျွန်တော့ကိုကြည့်ပါ.... ကျွန်တော့ကိုမမှတ်မိတော့ဘူးလား"ဟု အော်ဟစ်ကာမေးလိုက်ချင်သည်။ ဒါပေမဲ့ သူလုပ်ဖို့အင်အားမရှိသေးဘူးမဟုတ်လား။

ဒီလိုပြောင်းလဲသွားတဲ့ Saintကိုကြည့်နေရတာ Perthရဲ့နှလုံးသားကို ဓားနဲ့အစိမ်းလိုက်ခွဲသလို နာကျင်ရသည်။

လေယာဉ်ပေါ်မှာ နေရာယူတော့ Perthက Saintဘေးနားကပ်လျက်မှာနေရာရတာကြောင့် ဝမ်းသာသွားသည်။ သူSaintနဲ့ စကားပြောဖို့အခွင့်အရေးရပြီလေ။ တကယ်တော့ သူထင်ထားတာက လွဲသွားသည်။ အဲ့ဒါကဘာလဲဆိုတော့ Saintကလေယာဉ်ပေါ်ရောက်တာနှင့် မျက်မှန်အမဲကြီးတပ်ကာ အိပ်နေပြီး လေယာဉ်ဆိုက်မှသာနိုးလာသည်။

My Soulmate (Complete)Where stories live. Discover now