ညအိပ်မီးရောင် မှိန်မှိန်လေးထဲမှာ ဝိုးတဝါးမြင်နေရတဲ့ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကောင်ငယ်လေးရဲ့ မျက်နှာအသေးစိတ်လေးကို မှတ်ဥာဏ်ထဲ စွဲနိုင်သလောက်စွဲနေအောင် မှတ်ထားချင်တာကြောင့် မအိပ်နိုင်ဘဲ တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။
ချစ်သူဘေးနားရှိနေခွင့်ရတဲ့ တညတာဟာ သူ့အတွက်တော့ တိုလွန်းနေသလို....
ခွဲခွာသွားရတော့မယ်ဆိုတဲ့အသိက ရင်ဘတ်ထဲမှာ လှိုင်းထန်စေကာ ဆူပွတ်နေတဲ့နှလုံးသွေးတွေက ဝမ်းနည်းမျက်ရည်တွေအဖြစ် ပါးပြင်ပေါ်သက်သေတည်လေရဲ့.....
အခြေအနေတွေကို အမှန်အတိုင်းမသိသေးတဲ့ Perthကတော့ အခုချိန်မှာ အိပ်ပျော်နေပေမဲ့ မနက်မိုးလင်းလို့ နဘေးနားရှိနေရမဲ့ သူ့ကို မတွေ့တော့ရင် ဘယ်လိုများနေလေမလဲ။
သူအနားမှာ မရှိတော့တဲ့နောက်ပိုင်းမှာရော သူ့ကိုမလွမ်းနေဘဲ ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ပါ့မလား...
ပထမအကြိမ်ခွဲခွာသွားတဲ့အချိန်မှာ နှလုံးရောဂါအစပျိုးသွားတဲ့ အခြေနေထိရောက်သွားခဲ့ရတဲ့ကလေးလေး...
ဒီတခေါက်ခွဲခွာခြင်းမှာရော ခံနိုင်ရည်ရှိပါ့မလား....စဉ်းစားမိရင် ကလေးတွက်ကို စိုးရိမ်မိပေမဲ့ ချပြီးသား ဆုံးဖြတ်ချက်ကို ပြင်ချင်စိတ်က မရှိတော့။
ဖြစ်နိုင်ရင် Perthကိုပါခေါ်ကာ အဝေးကို ထွက်သွားချင်မိသည်။ဒါပေမဲ့ အခုအခြေအနေမှာ Perthကိုခေါ်ပြီး ထွက်သွားဖို့ရာ သူ့မှာ အစွမ်းအစမရှိသေး။
Austriaကိုခေါ်သွားရင် ရတယ်ဆိုပေမဲ့ Perthကကျောင်းပြီးသေးတာမဟုတ်။
အဲ့အပြင် Perthက သူ့အိမ်မှာ တဦးတည်းသော သားယောက်ျားလေး။ သူ့မိဘတွေအတွက် တစ်ဦးတည်းသော အားကိုးစရာလူကို သူ့ရဲ့အတ္တတခုထဲအတွက်နဲ့ ဆွဲမခေါ်သွားရက်။ကိုယ်တိုင်ခွဲထားတဲ့ နှလုံးသားလေးတွက် တိုးတိတ်စွာ ရှိုက်ငင်ငိုကြွေးရင်း အာရုံဦးအလင်းဝင်လာချိန်မှာတော့ ခုတင်ပေါ်က ညင်သာစွာ ထလိုက်ရင်း ချစ်သူရဲ့ နှုတ်ခမ်းသားလေးကို သူ့နှုတ်ခမ်းနှင့် ဖြေးညင်းစွာ ဖိကပ်လိုက်ရင်း နှုတ်ဆက်အနမ်းခြွေလိုက်သည်။
YOU ARE READING
My Soulmate (Complete)
RomansaThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)