ဒီနေ့ဆိုရင်းKhao Yaiကပြန်ရောက်တာ တပတ်ခန့်ရှိနေပြီဖြစ်သည်။ ဒီတပတ်လုံးလုံး P' Saintကို ကျောင်းမှာမတွေ့ရ။ Artဌာနဘက်ကို သွားရှာတော့ P' Saintခွင့်ယူထားတယ်ဟု ပြောတာကြောင့် Perthစိတ်ပူနေမိသည်။
Perthတို့သူငယ်ချင်းအုပ်စုလိုက် နေ့လည်စာစားနေချိန် ကန်တင်းသို့ P' Gunရောက်လာသည်။ P' Gunကိုတွေ့သည်နှင့် Perthက "Sawadee krub.... P' Gun P' Saintဘယ်ရောက်နေလဲဟင်.... ကျွန်တော်သူ့ကိုမတွေ့တာကြာပြီ သူအဆင်ပြေရဲ့လား"
"အေ.... ငါလဲမင်းတို့နဲ့ အဲ့ဒါပြောဖို့လာတာ နောက်၂ရက်လောက်ဆို Ployက စင်္ကာပူပြန်တော့မှာ.... အခုSaintက ခရီးကပြန်ရောက်ထဲက ကျောင်းကိုလဲ ခွင့်ယူထားပြီး Ployကိုလဲ လာမတွေ့ဘဲ တချိန်လုံးbarမှာပဲ တချိန်လုံးမူးပြီး အချိန်ဖြုန်းနေတယ်.... ငါလဲဘယ်လိုတားတား တားလို့ကိုမရဘူး သူ့ကိုဘယ်လိုနှစ်သိမ့်ပေးရမလဲတောင်မသိတော့ဘူး.... ပြီးတော့ P'ဒီနေ့လာတာက Ployနေရက်၂ရက်ဆို ပြန်တော့မှာ အဲ့ဒါမင်းတို့တွေပါလေဆိပ်လိုက်ပို့လို့ရအောင်လာပြောပေးတာ"
P' Gunကသူပြောစရာရှိတာတွေပြောပြီး ပြန်သွားသည်။ Perthလဲ Saintရှိနိုင်တဲ့နေရာကို P' Gunကိုမေးထားလိုက်ပြီး ဒီညနေသွားဖို့စဉ်းစားလိုက်သည်။
Perthကျောင်းကနေပြန်ရောက်တော့ အဝတ်အစားလဲကာ Saintရှိတယ်ဆိုတဲ့ barသို့ ထွက်လာခဲ့သည်။
မှိန်ပြပြမီးရောင်များကြားတွင် Perthတယောက် Saintကိုလိုက်ရှာနေသည်။ ထိုစဉ်မှောင်ရိပ်ကျသော ထောင့်တနေရာရှိစားပွဲ၌ သူအလွန်တွေ့ချင်နေသော မျက်နှာလေးကိုတွေ့လိုက်ရသည်။ အရင်လိုတက်ကြွလန်းဆန်းနေသော မျက်နှာနှင့်မဟုတ်ဘဲ အနည်းငယ်နွမ်းလျကာ ဖိစီးနေသောစိတ်တို့က မျက်နှာမှာပေါ်နေသော ချစ်ရတဲ့သူရဲ့ပုံစံကို အဝေးကနေသေချာကြည့်နေမိသည်။
ကျောင်းမှာတွေ့ရတဲ့ပုံစံလို ခန့်ညားနေတာမဟုတ်ဘဲ shirt အင်္ကျီအမဲရောင်ကို ဘောင်းဘီအမဲရောင်နှင့်ဝတ်ဆင်ထားတာကြောင့် ဖြူဝင်းနေတဲ့အသားရေက တောက်ပကာ ကြည့်ကောင်းနေသည်။ စားပွဲပေါ်ကိုကြည့်လိုက်တော့ သောက်ထားတဲ့ဘီယာပုလင်းတွေက အတုန်းအရုန်း။
YOU ARE READING
My Soulmate (Complete)
RomanceThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)