11

1.9K 265 39
                                    

ထိုနေ့တနေ့လုံး Saintနှင့် Perthတို့ ထပ်မတွေ့ဖြစ်ကြ။ ထပ်မတွေ့ဖြစ်အောင်ရှောင်နေကြသည်ဆိုလျှင် ပိုမှန်လိမ့်မည်။ Perthက သူငယ်ချင်းတွေနှင့် အပြင်ထွက်ကာ လျှောက်လည်နေဖြစ်သည်။ Saintကတော့ ရေကန်လေးနဘေးမှာ ပန်းချီဆွဲရင်းသာ ဟိုတယ်၌နေခဲ့သည်။

Ployကလဲ အပြင်ထွက်လည်တာကြောင့် Saint တယောက်ထဲ ကျန်နေခဲ့သည်။ ပန်းချီသာဆွဲနေရသည် Saintရဲ့အုံ့မှိုင်းနေတဲ့ စိတ်တို့က ဖျောက်ဖျက်မရ။ Saintရဲ့စိတ်အတိုင်းပင် သူဆွဲတဲ့ပန်းချီကားကလဲ ဝမ်းနည်းမှုတွေနှင့် ပြည့်နှက်နေသည်။

အခုအချိန်မှာ သူဆုံးဖြတ်ချက် ချရတော့မည်မဟုတ်ပါလား။ Ployကို လက်လွှတ်တော့မည်လား၊ ဒါမှမဟုတ် Ployလက်ကိုဆွဲထားကာမသွားဖို့တောင်းဆိုရမည်လား။ စဉ်းစားရင်း စိတ်ရှုပ်ထွေးနေတာကြောင့် ဘေးနားမှာချထားတဲ့ Cocktailခွက်ကို ယူကာ မော့သောက်ပစ်လိုက်သည်။

ညနေလဲစောင်းလာပြီး ပန်းချီဆွဲရတာလဲ စိတ်မပါတော့တာကြောင့် ပစ္စည်းတွေသိမ်းကာ အခန်းသို့ပြန်ကာ အိပ်ပစ်လိုက်သည်။ ဒီချိန်မှာ အိပ်စက်ခြင်းကသာ သူ့ခေါင်းထဲက ရှုပ်ထွေးမှုတွေနှင့် သူ့ရင်ထဲကနာကျင်မှုတွေကို ခေတ္တမေ့ထားနိုင်မည်မဟုတ်ပါလား။ ဒါကြောင့် cocktailတခွက်ပြီးတခွက်သောက်ကာ အိပ်ပျော်အောင်လုပ်လိုက်ခြင်းဖြစ်သည်။

Perthတယောက် ဒီနေ့လဲ စောစောထကာ ရေကန်ဘေးက လမ်းလေးကို ထွက်လာခဲ့သည်။ မနေ့ကလို P' Saintကို တွေ့ရဦးမလားဆိုတဲ့ မျှော်လင့်ချက်လေးနှင့်ထွက်လာခဲ့ပေမဲ့ P' Saintကတော့ရှိမနေပါ။

မနေ့က Perthတို့ လျှောက်လည်ရာက ပြန်ရောက်လာတော့ P' Saintအိပ်ပျော်နေသည်။ ညစာတောင်ထွက်မစားဘဲ အိပ်နေခြင်းဖြစ်သည်။ သူနေများကောင်းရဲ့လား သိချင်ပေမဲ့ အိပ်နေတာကြောင့် သွားမတွေ့ဖြစ်တော့။

ဒီနေ့ကတော့ Perthတို့တဖွဲ့လုံး ဟိုတယ်မှာပဲ ကစားကြ ရေကူးကြရင်း အချိန်ကုန်ကြမည်ဖြစ်သည်။ မနက်စာစားပြီးတဲ့ အချိန်ထဲက ဂိမ်းတွေစဆော့နေကြသည်။ အကုန်လုံးပျော်နေကြတဲ့အချိန်မှာ Perthကတော့ P' Saintကိုရှာနေမိသည်။ P' Saintကိုမတွေ့သလို P' Ployလဲပျောက်နေတာကြောင့် P' Gunကိုမေးလိုက်တော့ Saintက ရေကန်ဘေးမှာ ပန်းချီဆွဲနေတယ်ဟု ပြောတာကြောင့် သူငယ်ချင်းတွေ အလစ်ကိုစောင့်ကာ ရေကန်ဘက်သို့ ထွက်လာခဲ့လိုက်သည်။

My Soulmate (Complete)Where stories live. Discover now