အိပ်တဝက်နိုးတဝက်ဖြစ်နေချိန်မှာ မျက်နှာပေါ်လာလာရိုက်ခတ်နေတဲ့ ခပ်နွေးနွေးဝင်သက်ထွက်သက်တခုကြောင့် မျက်လုံးမဖွင့်ချင်ဖွင့်ချင်နဲ့ ကြည့်လိုက်မိသည်။
အနီးကပ်မြင်လိုက်ရတဲ့ မျက်ခုံးထူထူလေးတစုံနှင့် မျက်တောင်စိတ်စိတ်လေးတွေဖြာကျနေတဲ့ မျက်လုံးတစုံကြောင့် ညကအဖြစ်အပျက်တွေကို တကယ်လား အိမ်မက်လားပြန်စဉ်းစားရင်း ရှက်ပြုံးလေးတခုက မျက်နှာပေါ်ခိုတွဲကာ ခန္ဓာကိုယ်တခုလုံး ပူအိုက်လာသလိုပင်။
ပူလာလို့ လည်ပင်းထိရောက်နေတဲ့စောင်ကို ဖယ်ချလိုက်မိတော့ ဗလာဖြစ်နေတဲ့ ရင်ဘက်ကြောင့် စောင်ကိုအမြန်ပြန်ဆွဲဖုံးလိုက်ရသည်။
ခန္ဓာကိုယ်အောက်ပိုင်းကို လှုပ်ရှားကြည့်ပြန်တော့ ဆစ်ကနဲနာသွားရတဲ့ ခါးအောက်ပိုင်းတနေရာကြောင့် မျက်နှာလေး ရှုံ့မဲ့ကာ အံကြိတ်လိုက်မိသည်။
ဘေးနားက ကလေးဆိုးလေးကတော့ မှောက်ရက်လေးအိပ်လို့ကောင်းနေဆဲ။ ခုတင်ပေါ်ကထဖို့ကြည့်လိုက်တော့ ကလေးရဲ့ ခြေထောက်တဖက်က သူ့ခြေထောက်ပေါ်သို့ ကျူးကျော်ထားသေးသည်။
ဒါကြောင့် ကလေးမနိုးအောင်အသာထကာ ခြေထောက်ကိုဖယ်ပြီး လှည့်ကြည့်မိချိန်မှာ အိပ်နေရင်းမှ မျက်လုံးဖွင့်ကာကြည့်နေတဲ့ ကလေးကိုတွေ့လိုက်ရတော့ လန့်သွားမိသည်။
ရှက်ပြုံးတခုကိုခြေချလိုက်ရင်း "ကလေး နိုးသွားတာလား..."
မေးလာတဲ့မေးခွန်းကို ခေါင်းညိတ်ပြကာ အဖြေပေးလိုက်ပြီး လက်ကိုဆန့်တန်းကာ ရင်ခွင်ထဲလာဖို့ခေါ်လိုက်ပြန်တော့ အိပ်ရာပေါ်မှထသွားမည့်သူက ပြန်လှည့်လာကာ ရင်ခွင်ထဲတိုးဝင်ကာဖက်ထားလိုက်ရသည်။
ထိုအခါမှကလေးစုတ်လေးက ခေါင်းကိုပွတ်ကာ ပျော့အိနေတဲ့ဆံပင်လေးတွေကို မွှေးကျူရင်း
"ကိုကို ညကပင်ပန်းသွားတယ်မဟုတ်ဘူးလား... ဘာလို့အစောကြီးထတာလဲ.... မအိပ်တော့ဘူးလား""နာရီလဲကြည့်ဦးကလေး.... မနက်၈နာရီခွဲနေပြီ... အခုမထရင် ဘယ်အချိန်မနက်စာစားမှာလဲ..."
Perthတယောက် မျက်လုံးလေးမှိတ်ကာ နားထောင်နေရင်း လက်ကနောက်ကျောကို ဖက်ထားရာကနေ ကျောကုန်းတလျှောက်ပွတ်သပ်သွားပြီး လစ်လတ်နေတဲ့ ပေါင်မုန့်လုံးလေးကို လက်ဝါးနှင့် ဖျစ်ညစ်လိုက်သည်။
YOU ARE READING
My Soulmate (Complete)
RomanceThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)