ကောင်လေးကို အခန်းထဲမှာ ချန်ထားခဲ့ရင်း အပြေးတပိုင်းခြေလှမ်းတွေနဲ့ အခန်းထဲက ထွက်ပြေးလာမိသည်။
တခါမှမဖြစ်ဖူးခဲ့တဲ့ ရင်ထဲကခံစားချက်တွေက ထိုကောင်လေးရဲ့ မျက်ဝန်းနက်နက်တောက်တောက်လေးတွေကိုမြင်လိုက်ရင် မီးတောင်ပေါက်သလို နှလုံးသားတို့ လှုပ်ခတ်ရင်းအုန်းခနဲ အုန်းခနဲ ပေါက်ကွဲထွက်လာနေမှုက အပြင်သို့လျှံထွက်မလာအောင် ထိန်းချုပ်နေရတာ ခက်ခဲလှသည်။
ဒါကြောင့်ပုံကိုဆက်မဆွဲတော့ဘဲ အမြန်လက်စသတ်ကာ ပြေးထွက်လာခြင်းဖြစ်သည်။ ဒီခံစားချက်က ထူးဆန်းနေတာကိုသိသည်။
ရင်ခုန်တာတခုထဲမဟုတ်ဘဲ တခုခုကို လွမ်းဆွတ် တမ်းတမိနေသလိုလို နှစ်ပေါင်းများစွာက ပျောက်ရှခဲ့ရတဲ့ အဖိုးတန်ရတနာလေးတခုကို ပြန်တွေ့သလိုလို တချက်တချက် ရင်ထဲက တဆစ်ဆစ်နာသည်။ ဒါပေမဲ့ အဲ့အဓိပ္ပာယ်တို့ကိုမသိ။
ပိုထူးဆန်းတာက ဒီလိုခံစားချက်မျိုးက ယောက်ျားလေးတယောက်အပေါ်မှာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဒါဟာမဖြစ်သင့်ဘူး..... လုံးဝမဖြစ်သင့်ဘူးဟု Saintအတွေးများစွာ စိတ်ရှုပ်ထွေးမှုများစွာနှင့် ကားကိုမောင်းလာတာ အိမ်သို့ ဘယ်လိုပြန်ရောက်သွားမှန်းမသိလောက်အောင်ပင်။
ဒီခံစားချက်မျိုးကို သူလက်မခံနိုင်။ သူလူမှန်းသိတက်စအရွယ်ထဲက ယောက်ျားလေးတွေအပေါ်စိတ်မဝင်စားခဲ့ဖူး၊ မိန်းကလေးများကိုသာစိတ်ဝင်စားတဲ့ straightတယောက်။ ထားခဲ့ဖူးသည့်ရည်းစားကလဲ မိန်းကလေး။ ယခုမှ ဘာကြောင့် ယောက်ျားလေးတယောက်ကြောင့် ထိုကဲ့သို့ ရင်ခုန်နေရသည်လဲ။
ခဏတာစိတ်ကစားမိရအောင်လဲ Saintရဲ့အသက်အရွယ်က သစ်ရွက်လှုပ်တိုင်းရင်ခုန်တက်တဲ့အရွယ်မဟုတ်တော့။ သူ့ထက်ငယ်တဲ့ ကလေးတယောက်ရဲ့ အကြည့်တွေ အပြုံးတွေအပေါ်မှာမှ ရူးသွပ်မိသည်တဲ့လား။
မဖြစ်သင့်တဲ့အရာဟု ကိုယ့်ကိုယ်ကိုယ်သတိပေး လက်မခံနိုင်သော်လည်း ထိုကောင်လေးရဲ့ ခန်ညားတည်ကြည်တဲ့ ရုပ်သွင်နဲ့ အမူအရာတို့ကို သူ့အာရုံထဲပေါ်ပေါ်လာတာကြောင့် စိတ်တို့က ပိုဖိစီးနေမိသည်။
YOU ARE READING
My Soulmate (Complete)
RomanceThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)