On the Way to Khao Yai....
Bangkokကနေ Khao Yaiကို ကားနဲ့သွားရင် 2နာရီခွဲ3နာရီမျှသာအချိန်ကြာတာမို့ မနီးလွန်း မဝေးလွန်းသောခရီးဖြစ်သည်။
P' Ployကိုဝင်ခေါ်ပြီးသည်နှင့် မြို့ပြင်ကိုထွက်ကာ Perthတို့စီးနှင်းလာသည့်ကားလေးက Highwayလမ်းမထက်တွင်အရှိန်နှင့်ပြေးနေတော့သည်။
ကားပေါ်၌ အချစ်သီချင်းငြိမ့်ငြိမ့်လေးကိုဖွင့်ကာ ရှေ့ဆုံးတန်းတွင် Summyနှင့် P' Gun, နောက်တတန်း၌ P' Ployနှင့် P'Saint, သူတို့၂ယောက်နောက်တွင် Perth, Planနှင့် Earthတို့က တတန်းစီထိုင်ကာ လိုက်လာခဲ့သည်။
Perthကတော့ ကားပြတင်းပေါက်ဘက်သို့ မျက်နှာလှည့်ထားကာ ရှုခင်းတွေကိုသာကြည့်ရင်းလိုက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ထိုင်ခုံ၌ P' Saintက P' Ployကို ပုခုံးဖက်ထားပြီး ရင်ခွင်ထဲမှာ မှီကာ အိပ်ခိုင်းထားသည်။ သူကိုယ်တိုင်ကလဲ P' Ployရဲ့ခေါင်းကိုမှီကာ အိပ်နေသည့် မြင်ကွင်းက Perthနှလုံးသားကို ဓားနဲ့မွှန်းနေသလို နာကျင်နေမိသည်။
တချက်တချက် ဒီခရီးကိုလိုက်လာမိတာမှားပီလားဟု စဉ်းစားနေမိသည်။ ဘာမှန်းမသိတဲ့ခံစားချက်ကြီးက P' Saintနားမှာရှိနေတိုင်း ဖြစ်ပေါ်လာသလို P' Saintနား P' Ployရှိနေရင် Perthရဲ့နှလုံးသားလေးက နာကျင်ရသည်။
ရှုခင်းကြည့်ရင်း သီချင်းနားထောင်ရင်း မျက်ရည်များဝိုင်းလာမိတာကြောင့် မျက်လုံးကိုမှိတ်ထားကာ နေလိုက်သည်။ ကား1နာရီလောက်စီးလာပြီးနောက် ကားဆီဖြည့်ဖို့ နားနေစခန်းမှာ ခဏရပ်လိုက်ကြသည်။ အကုန်လုံးအပေါ့အပါးသွားလိုက်ကြပြီး P' Saintက 7elevenမှ အအေးဘူးများဝယ်လာကာ အကုန်လုံးကို ဝေပေးနေသည်။
Perthဆီသို့အရောက် ဘေးကလွတ်နေတဲ့ခုံမှာ ဝင်ထိုင်ကာ "N' Perthနေမကောင်းဘူးလား.... မျက်လုံးတွေအစ်နေသလိုပဲ.... ဘာဖြစ်လို့လဲ.... တခုခုဖြစ်ရင် P'တို့ကိုပြောနော်.... P'မှာဆေးတွေပါတယ်"
"Krub.... P'ကျွန်တော်ဘာမှမဖြစ်ပါဘူး ကျွန်တော့ကို ရင်ရင်းနှီးနှီး Perthလို့ပဲခေါ်ပါ.... ရပါတယ်"
"awww... အင်းပါ နေကောင်းရင်လဲပြီးတာပါပဲ.... ရော့ဒီမှာ အအေး သောက်လိုက်ဦး"ဟုပြောကာ သူ့ကို အအေးဘူးပေးပြီး ဘေးမှာထိုင်နေရာမှထကာ P' Ployဘေးမှာဝင်ထိုင်လိုက်တဲ့ P' Saintကို အနောက်မှလိုက်ကြည့်နေမိသည်။ ဘေးနားမှာကပ်ထိုင်သွားတဲ့ ခုံလေးမှာ P' Saintရဲ့ကိုယ်ငွေ့လေးကိုရလိုရငြား ခုံလေးပေါ် လက်နဲ့အသာလေးထိလိုက်မိသည်။
YOU ARE READING
My Soulmate (Complete)
RomanceThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)