36

2K 251 15
                                    

P' Saintပေးထားတဲ့သော့အပိုနဲ့ တံခါးကိုသော့ဖွင့်ပြီးဝင်သွားလိုက်တော့ ကျောပေးထိုင်ပြီး ပန်းချီဆွဲနေတဲ့ တစုံတယောက်ကိုတွေ့လိုက်ရတာကြောင့် လက်ထဲက အထုတ်တွေကို ချထားလိုက်ကာ အနားသို့သွားလိုက်သည်။

ထို့နောက်ခါးလေးကိုလှမ်းဖက်လိုက်ကာ ပုခုံးပေါ်သို့ မေးစေ့လေးတင်လိုက်ရင်း ဂုတ်သားလေးကို နှုတ်ခမ်းလေးနှင့် ဖိကပ်စုပ်နမ်းလိုက်သည်။
ခေါင်းလေးစောင်းကာ ပြန်လှည့်ကြည့်လာပြန်တော့ ပါးဖောင်းဖောင်းလေးကို တချက်နမ်းလိုက်မိပြန်၏။

ပြန်ရောက်လာတာနဲ့ လူနားကိုကပ်ကာချွဲနေတဲ့ ကောင်ဆိုးလေးကြောင့် ပြုံးလိုက်ရင်း
"Perth... ပြန်လာပြီလား...."

"အင်း.... P'လွမ်းနေတယ်ဆိုလို့လေ... အဲ့ဒါကြောင့် လိုတာတွေ မြန်မြန်ယူပြီး ပြန်ထွက်လာတာ... အိမ်ကမိသားစုကိုလဲ သေချာပြောပြခဲ့တယ်... စိတ်ပူနေမှာဆိုးလို့လေ... အခုတော့ P'ဆီပြန်လာပြီ... လွမ်းနေတယ်ဆိုတော့... အတိုးချပြီး အလွမ်းပြေအောင်လုပ်ပေးမလို့...."

"P'လို့ပဲခေါ်ပြန်ပြီလား.... မနက်ကဘာပြောထားလဲကလေး..."

"အာ... မေ့သွားလို့ပါ.... ပါးစပ်ကလဲအကျင့်မပါဘူးလေ... အရင်ဘဝကလဲ အဲ့လိုမှမခေါ်ခဲ့တာ"

Saintခေါင်းကိုညိတ်လိုက်ရင်း လက်ထဲကစုတ်တံကို ဘေးမှာချလိုက်ကာ
"အင်း..... အဲ့ဒါဆို ကလေးပါးစပ်က အကျင့်ပါသွားအောင် တခုခုတော့ လုပ်ပေးရတော့မယ်ထင်တယ်နော်...."

ပြောနေရင်းမှ မျက်နှာချင်းဆိုင်အနေအထားသို့ လှည့်လိုက်ပြီး လက်တို့က Perthရဲ့ ပါးကိုလှမ်းကိုင်လိုက်ရင်း လက်မလေးနှင့် Perthနှုတ်ခမ်းပါးပေါ်သို့ ဖွဖွပွတ်ဆွဲလိုက်သည်။

Perthလဲ Saintမျက်လုံးတို့ကို ငေးစိုက်ကြည့်နေရင်းမှ ဝိဥာဉ်လွင့်နေတဲ့ လူလိုခံစားနေရသည်။ Saintကထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး Perthပုခုံးကိုကိုင်ကာ နောက်သို့တွန်းသွားရင်း Perthနောက်ကျောနှင့် စာအုပ်စင်ဒေါင့်တို့ထိကပ်သွားမှ ရပ်တန့်သွားရသည်။

ထို့နောက် Perthမျက်နှာနားစီသို့ ခေါင်းကို ငုံ့တိုးလာရင်း....

My Soulmate (Complete)Where stories live. Discover now