23

1.8K 265 19
                                    

P' Saintရဲ့ကားကိုလိုက်စီးပြီး P' Saintအိမ်မှာ ၂ယောက်ထဲရှိနေရမယ်ဆိုတဲ့အသိက မိုးရေတွေနဲ့စိုနေတာကြောင့် ချမ်းနေတဲ့ကြားက ရင်ခုန်နှုန်းတွေတိုးလာကာ ပူလောင်လာစေသည်။ Saintရဲ့အိမ်က ကျောင်းနဲ့မဝေးတာကြောင့် သိပ်အကြာကြီးမမောင်းလိုက်ရဘဲရောက်သွားသည်။

Saintကကားပေါ်ကဆင်းပြီး သူ့ကိုလာတွဲကာခေါ်သွားပြီး အိမ်ခန်းတံခါးကိုအလျင်အမြန်ဖွင့်ကာ Perthကို ဆိုဖာပေါ်၌ ထိုင်စေလိုက်သည်။

ထို့နောက် သဘက်တထည်နှင့် အင်္ကျီတစုံထုတ်ပေးကာ ရေစိုနေတဲ့ Perthရဲ့အင်္ကျီတို့ကို လဲစေသည်။ သူကိုယ်တိုင်လဲ အိပ်ခန်းထဲ၌ အင်္ကျီသွားလဲကာ ရေနွေးကြိုပြီး ကော်ဖီ၂ခွက်ကို ဖျော်ကာ စားပွဲပေါ်လာချပေးသွားသည်။

Perthအင်္ကျီလဲပြီးရင် ဒဏ်ရာကိုဆေးထည့်ပေးဖို့ပါ ဆေးဘူးကိုယူပြီး Perthထိုင်နေသည့် ခုံနားသို့လျှောက်လာကာ Perthဘေးနားမှာ လာထိုင်လေသည်။

Perthကတော့ အင်္ကျီလဲပြီး ဆိုဖာပေါ်တွင်ထိုင်ကာ Saintတယောက်ပြာယာခတ်ကာ အလုပ်ရှုပ်နေသည်ကို လိုက်ကြည့်နေမိသည်။သူလိုက်ကြည့်နေရင်းမှ ဆေးဘူးလေးတွေကိုင်ကာ အနားကိုရောက်လာတဲ့ Saintကြောင့် တဒိတ်ဒိတ်နှင့် ခုန်လာတဲ့ နှလုံးသားကို သက်သာစေဖို့ မျက်နှာကိုအောက်ငုံ့ကာ နေလိုက်မိသည်။

"Perth..... အင်္ကျီလက်ကိုမလိုက်.... ဆေးထည့်ပေးမယ်"ဟုပြောလာတာကြောင့် Perthလဲ ဝတ်ထားတဲ့ အင်္ကျီလက်ရှည်ကို ခေါက်တင်ပေးလိုက်သည်။ နံဘေးနားမှာပူးကပ်ပြီးထိုင်ကာ သူ့လက်ကိုတယုတယကိုင်ရင်း မနာအောင်ဂရုစိုက်ကာ ဆေးထည့်ပေးနေတဲ့Saintကတော့ ဒဏ်ရာကိုပဲသတိထားကာ စပ်မှာဆိုးလို့ နှုတ်ခမ်းလေးကိုစုပြီး လေလေးတဖူးဖူးမှုတ်ပေးနေလေသည်။

အနီးကပ်မြင်နေရတဲ့ P' Saintရဲ့မျက်နှာ နုဖတ်ဖတ်လေးကိုအသေးစိတ်လိုက်ကြည့်ရင်း ရင်ထဲကကြည်နူးမှုတွေကတော့ အတိုင်းမသိဖြစ်ပေါ်လာရင်း ရုတ်တရက်လုပ်လိုက်မိသည်က P' Saintဂုတ်နားကို သူ့မျက်နှာလေးတိုးကပ်သွားကာ P' Saintရဲ့ ကိုယ်သင်းရနံ့လေးကို ခိုးယူရှူရှိုက်မိလိုက်သည်။

အနားကပ်ကာ မျက်လုံးမှိတ်ပြီး P' Saintကို ခိုးရှူနေချိန် ဒဏ်ရာတွေကိုပတ်တီးစည်းပေးပြီး သူ့ဘက်ကို Saintကလှည့်အကြည့် နုအိနေတဲ့ပါးပြင်လေးနဲ့ ပူနွေးနေတဲ့ Perthရဲ့နှုတ်ခမ်းလေးတို့က ထိမိသွားတာကြောင့် နှစ်ယောက်လုံးစကားပြောဖို့မေ့ကာ တယောက်မျက်နှာ တယောက်ကြည့်ရင်း မှင်သက်နေမိကြသည်။

My Soulmate (Complete)Where stories live. Discover now