42

1.7K 181 17
                                    

တရိပ်ရိပ်ပြေးနေတဲ့ ကားလေးပေါ်မှာ ကောင်လေးတယောက်က ကားမောင်းနေတဲ့ကောင်လေးရဲ့လက်တဖက်ကို လွတ်ထွက်သွားမှာ စိုးသည့်အလား ဆုပ်ကိုင်ထားရင်း လိုက်ပါလာခဲ့သည်။

အေးငြိမ့်ငြိမ့်သီချင်းသံလေးက ကားလေးထဲမှာပြန့်ဝဲရင်း မိုင်တိုင်တွေကိုကျော်ဖြတ်လာခဲ့ရာ 2နာရီလောက်ကြာပြီးနောက် Pattayaကိုရောက်လာခဲ့သည်။

ကားကို ပင်လယ်ကမ်းစပ်နဲ့ အနီးဆုံးနေရာမှာ ရပ်လိုက်ပြီး ကားမှန်တံခါးများကို ဖွင့်ချလိုက်တော့ လတ်ဆတ်တဲ့ပင်လယ်လေညှင်းက သူတို့၂ယောက်ကြားကို မြှူ၏ကလူ၏တိုးဝင်လာလေသည်။

ဘေးကLover seatမှာထိုင်နေတဲ့ကောင်လေးကတော့ ကလေးငယ်လေးတယောက် အခုမှ စိတ်ချလက်ချ အိပ်ရသလို အိပ်နေရှာသည်။

ထိုင်ခုံခါးပတ်ကိုအသာဖြုတ်ပေးလိုက်ပြီး ချစ်ရသူရဲ့မျက်နှာလေးကို အစိတ်အပိုင်းတခုချင်းစီအလွတ်ရသည်အထိ အစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။

ခွဲရတော့မည်ဟုတွေးမိလိုက်တိုင်း ကျလာတဲ့မျက်ရည်က ပါးပြင်ထပ်မှာ တာကျိုးကျလာသလို။

ရင်ထဲက မခွဲရက်နိုင်မှု မထားခဲ့နိုင်မှု အတူတူရှိနေချင်မှုတို့နဲ့အတူ ဦးနှောက်ထဲက မာနတရား မခံချင်စိတ်တို့နှင့် လွန်ဆွဲနေရသည်မှာ မသက်သာလှ။

ဖြစ်နိုင်ရင် ယောက်ျားဆိုတဲ့ဖြစ်တည်မှု မာနတရားကိုမေ့ဖျောက်ပစ်ကာ ချစ်သူရဲ့အနားမှာပဲ တသက်တာလုံး နေလိုက်ချင်ပေမဲ့ မိမိကိုယ်ကို မနှိမ့်ချလိုတဲ့ မခံချင်စိတ်က နှလုံးသွေးတနေရာမှာ ရှိနေတာမို့ ချစ်သူနားမှာ ဖက်တွယ်ပြီးနေဖို့ ကိုယ့်ကိုကိုယ်ခွင့်မပြုနိုင်ခဲ့ပေ။

ဒီတခေါက်ခွဲခွာခြင်းက ဘယ်အချိန်မှာ ပြန်ဆုံရမလဲမသိနိုင်ပေမဲ့ သူတို့၂ယောက်ရဲ့ရေစက်ကံကြမ္မာကိုသာ ကိုးစားရင်း ကံကိုသာ စည်းချင်းထိုးကြည့်ရပေဦးမည်။

နေ့လည်စာစားချိန်ကိုရောက်နေပြီမို့ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့ ကောင်လေးကိုမနှိုးရက်ပေမဲ့ နှုတ်ခမ်းလေးကိုအသာလေးနမ်းကျူကာ နှိုးလိုက်ရသည်။

My Soulmate (Complete)Where stories live. Discover now