ကားဟွန်းတီးသံနှင့် ဆူညံသံတို့ကြောင့် Perthအနောက်သို့လှည့်ကြည့်မိလိုက်သည်။ ကားနဲ့တိုက်မိလိုက်တဲ့အရှိန်နဲ့ လွင့်ထွက်ကာလဲကျသွားတဲ့ ရင်းနှီးနေတဲ့ ဖြူဖြူအရိပ်လေး။
Perthတယောက်မျက်လုံးတွေပြာဝေသွားရသည်။ ထိုနေရာသို့ ပြေးသွားကာ အုံနေတဲ့လူအုပ်ကြားထဲ တိုးဝင်သွားလိုက်သည်။
ကတ္တရာလမ်းမထက်မှာ တစောင်းလေးလဲကျကာ သတိလစ်မေ့မြောနေတဲ့ Saint
ဝတ်ထားတဲ့အင်္ကျီအဖြူရောင်မှာ သွေးတို့ကရွဲနစ်နေသည့်အပြင် လမ်းမထက်မှာပါအိုင်ထွန်းနေလေသည်။
"Pete..... Pete....."
သတိလစ်မေ့မြောနေတဲ့ Saintကိုရင်ခွင်ထဲမှာ ဖက်ထားရင်း အော်ခေါ်နေမိတဲ့နာမည်ကPete
အရင်ဘဝက accidentဖြစ်ချိန်ကpete ကိုမြင်နေရသလိုဖြစ်နေတာကြောင့် perthတယောက် အသိစိတ်လွတ်ကာ Peteလို့သာအော်ခေါ်ပြီး လှုပ်နှိုးနေမိသည်။
ထိုစဉ်Summyတို့အုပ်စုကလည်း လူတွေအုံနေတာမို့ လာကြည့်ချိန်မှာ လမ်းပေါ်မှာ ထိုင်ချရင်း Saintကိုရင်ခွင်ထဲမှာ ထည့်ဖက်ထားတာ ငိုရင်းအော်နေတဲ့Perthကို တွေ့လိုက်ရတာကြောင့် လန့်သွားရသည်။
Perthနားကိုအမြန်ပြေးသွားလိုက်ပြီး အသိစိတ်ပြန်ကပ်အောင် အော်ခေါ်တဲ့သူကခေါ် ဆေးရုံကားခေါ်ပေးတဲ့သူကခေါ်ပေးနှင့် Saintကိုဆေးရုံပို့လိုက်သည်။
ဆေးရုံသို့သွားနေတဲ့ ကားပေါ်၌လမ်းတလျှောက်လုံး Saintရဲ့လက်ကိုကိုင်ကာ ကြောက်ရွံ့ထိတ်လန့်စွာ ငိုနေတဲ့ perthကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။
Saintအရေးပေါ်ခန်းထဲဝင်နေချိန်မှာ အခန်းအပြင်ဘက်မှာ ကျန်နေခဲ့ရတဲ့ Perthအတွက် ငရဲတမျှပူလောင်နေသည်။ သူကြောက်နေမိသည်။ အရင်ဘဝကလိုထပ်ပြီး Saintနှင့်ကွဲကွာရမှာ ကြောက်သည်။ Saintကို လက်လွတ်ဆုံးရှုံးလိုက်ရမှာ ကြောက်သည်။
ကြောက်ရွံ့စိတ်ဖြင့် မခိုင်တော့တဲ့ ခြေထောက်တွေကြောင့် အခန်းအပြင်ကနံရံကိုမှီကာ ဒူးခေါင်းကိုပိုက်ကာထိုင်ချရင်း လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။
YOU ARE READING
My Soulmate (Complete)
RomansaThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)