7

2K 217 6
                                    

နောက်ရက်၌ Perthတို့အတန်းတက်ပြီးနောက် သူငယ်ချင်းများနှင့် ကန်တင်းသို့ မုန့်စားရန်ထွက်လာခဲ့သည်။ ကန်တင်းသို့အရောက် P' Saintကိုလဲ မုန့်ထိုင်စားနေတာ တွေ့လိုက်ရတာကြောင့် Summyကိုအသာလက်တို့ကာပြလိုက်သည်။

ထို့နောက် Summyကဦးဆောင်ကာ P' Saintထိုင်နေတဲ့စားပွဲဆီသို့ မုန့်များကိုယူကာသွားလိုက်ကြသည်။

"P' Saint.... Sawadee kha.... Sumတို့ ဒီမှာထိုင်လို့ရမလား"

"အော်.... Summyလာလေ.... ထိုင်.... သူငယ်ချင်းတွေပါ ပါလာတာလား.... အတန်းပြီးလို့ မုန့်လာစားတာလား"

"Kha... P' အတန်းပြီးတော့ ဗိုက်ဆာလို့ လာခဲ့ကြတာ.... P'ကရော အတန်းဝင်ပြီးပြီလား"

"ပြီးပြီSum P'ကပြန်မလို့ P'ကားကပျက်နေတာနဲ့ workshopပို့ထားရတာ ကျောင်းထိပ်ထိ လမ်းလျှောက်ထွက်ပြီးကားငှားရမှာ အဲ့ဒါဗိုက်ဆာတာနဲ့ ကန်တင်းမှာပဲအဆာပြေလာစားတာ"

"အော်.... အဲ့ဒါကြောင့် P'ကိုကန်တင်းမှာမတွေ့စဖူးတွေ့ရတာကိုး.... ဒါကSumသူငယ်ချင်းတွေလေ သူကPerth သူကPlan ဒါကတော့ Earth.... P'Saintတို့ P' Gunတို့လိုပဲ Sumတို့ကလဲ ငယ်ငယ်ထဲက ပေါင်းလာတဲ့သူတွေ"

Summyရဲ့ မိတ်ဆက်ပေးမှုကြောင့် Perth Earthနဲ့ Planတို့လဲ Saintကိုwaiကာ နှုတ်ဆက်လိုက်သည်။ Saintကလဲ ပြန်waiကာ ပြုံးပြလိုက်ပြီး "P'က Summyတို့အကို Gunနဲ့ကသူငယ်ချင်းတွေ Artဌာနမှာ ပန်းချီသင်ပေးနေတဲ့ ဆရာပေါ့ကွာ... တခုခုအကူညီလိုတာရှိရင် P'ကိုပြောလို့ရတယ်.... Summyလိုပဲ ကိုယ့်အကိုလိုသဘောထားနော်"ဟု ပြန်ပြောလာသည်။

Perthလဲ Saintကို အနီးကပ်ကြည့်ကာ ကြက်သေသေနေသည်။ ဘာပြန်ပြောရမှန်းမသိတာကြောင့် ခေါင်းသာငြိမ့်ပြီး အအေးသာငုံ့သောက်နေမိသည်။

Plan, Earthနဲ့Summyကတော့ P' Saintနဲ့ စကားပြောကာ ရီနေကြသည်။ Perthကတော့ ဘယ်ဘက်ရင်အုံထဲက ခုန်ပေါက်ပြေးလွှားနေတဲ့နှလုံးသားကို လိုက်ဖမ်းရင်း တည်ငြိမ်အောင် ထိန်းချုပ်ကာ ထိုခံစားချက်ရဲ့ အဓိပ္ပာယ်ကို ပုံဖော်ရင်း ငြိမ်ငြိမ်လေးထိုင်နေမိသည်။

"N' Perthက စကားနည်းတယ်ထင်တယ်နော်... ဘာမှလဲမပြောဘူး" ဟု Saintကပြောလာတော့မှ Perthလဲနှလုံးသားနဲ့ နပန်းလုံးနေရင်းမှ
"Arrr မဟုတ်ပါဘူး.... P' Saint.... ကျွန်တော် ဗိုက်နဲနဲဆာနေလို့ မုန့်အရင်စားနေတာပါ"လို့ပြန်ပြောလိုက်ရသည်။

My Soulmate (Complete)Where stories live. Discover now