Breakfastစားဖို့တွက် ထမင်းစားခန်းမှာ အကုန်လုံးလူစုံတဲ့အထိ P' Saintရောက်မလာသေးတာကြောင့် Perthတယောက် ဟိုကြည့် ဒီကြည့်နှင့် လိုက်ရှာနေမိသည်။
ထိုအချိန်တွင်P' Gunက "Perth.... Saintကိုရှာနေတာလား.... ရှာမနေနဲ့တော့ သူဒီနေ့အပြင်ကိုထွက်လာတော့မှာမဟုတ်ဘူး.... မနက်ထဲက ဒီဂျာနယ်ကိုတွေ့ပြီးတာနဲ့ ဘာမှမပြောဘဲ အခန်းထဲပြန်ဝင်သွားတာ"
P' Gunပြတဲ့ ဂျာနယ်ကို Perthယူပြီးကြည့်လိုက်တော့ နိုင်ငံတကာစီးပွားရေးဂျာနယ်တခု။ မျက်နှာဖုံးအထက်က ခေါင်းစီးသတင်းက စင်္ကာပူနိုင်ငံရှိထိပ်သီးကုမ္ပဏီတခု၏ ဥက္ကဠရဲ့သားဖြစ်သူ မင်္ဂလာသတင်းကို ပုံနှင့်တကွ ဖော်ပြထားခြင်း ဖြစ်သည်။
ထိုပုံကိုတွေ့လိုက်တော့မှ Perthတယောက် မျက်လုံးပြူးသွားခဲ့ရသည်။ ပုံထဲမှ သတို့သားရဲ့လက်ကိုကိုင်ကာ ကားပေါ်မှ ပြုံးရွှင်စွာ ဆင်းလာတဲ့သတို့သမီးက တခြားသူမဟုတ် 'Ploy'.... P' Saintရဲ့ရီးစား P' Ploy။
Perth ဂျာနယ်ကိုကြည့်ကာ အရမ်းအံ့သြသွားခဲ့ရသည်။ "ဘယ်လိုဖြစ်ရတာလဲ P' Gun.... ဒီပုံထဲက သတို့သမီးက P' Ployမဟုတ်လား.... သူကဘာလို့ P' Saintမဟုတ်တဲ့ တခြားတယောက်နဲ့ လက်ထပ်သွားရတာလဲ.... ဒါဆို P' Saintအခုလိုပြောင်းလဲသွားရတဲ့အကြောင်းရင်းက ဒါကြောင့်ပေါ့၊ စင်္ကာပူကမပြန်လာခင်ထဲက ဒီအကြောင်းသိနေတာဖြစ်မယ်..... ဒါကြောင့်သူ့ကိုသူဘာမှမဖြစ်သလို ဟန်ဆောင်ဖို့ အခုလိုတွေနေနေတာပေါ့"
Perthရဲ့အမေးကို P' Gunက သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်Perth.... သူတို့တွေ စင်္ကာပူမှာ ဘာဖြစ်လာလဲဆိုတာတော့ P'လဲမသိဘူး.... Saintက Ployပေါ်မှာ သံယောဇဉ်တော်တော်ကြီးတာတော့ အမှန်ပဲ..... ငယ်ငယ်ထဲကသူငယ်ချင်းလိုရော ချစ်သူလိုရော ရှိလာခဲ့ကြတဲ့သံယောဇဉ်က နဲနဲလေးမှမဟုတ်တာ..... Ployဘက်ကလဲ Saintအပေါ်မှာ သံယောဇဉ်ရှိရှာပါတယ်..... သူ့ဆီမှာလဲ အကြောင်းပြချက်ရှိမှာပါ.... အဲ့အကြောင်းကိုတော့ သူတို့အချင်းချင်းပဲသိမှာပေါ့"
သူတို့အဖွဲ့ရဲ့ မနက်စာစားဝိုင်းကတော့ P' Saintတွက်ဝိုင်းပြီး စိတ်မကောင်းဖြစ်ရင်းနဲ့ပဲ တိတ်ဆိတ်စွာ ကုန်ဆုံးလိုက်ကြသည်။
YOU ARE READING
My Soulmate (Complete)
RomanceThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)