ခုတင်ပေါ်မှငြိမ်သက်စွာ လဲလျောင်းနေတဲ့ အလှနတ်ဘုရားလေးရဲ့မျက်နှာလေးက ဖြူဖတ်ဖတ်လေး ဖြစ်နေတာကြောင့် perthရဲ့ စိုးရိမ်စိတ်တွေက ငယ်ထိပ်ရောက်နေလေသည်။
သတိလစ်မေ့မျောနေတဲ့ ချစ်ရတဲ့သူရဲ့ နုဖတ်နေတဲ့ လက်ကလေးကိုသာ ဆုပ်ကိုင်ထားပြီး ကုတင်ဘေးမှာ ဒူးထောက်ထိုင်ကာ အမြန်သတိပြန်ရလာဖို့ ဆုတောင်းနေမိသည်။
သင်္ဘောကိုလဲ သွားနေတဲ့လမ်းကြောင်းကိုပြောင်းကာ လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့သည်။ Gunက hotelသို့ဖုန်းဆက်ကာ ဆိပ်ကမ်းသို့ ဆရာဝန်တယောက် အရေးပေါ်လွှတ်ပေးဖို့ ပြောထားတာကြောင့် ကမ်းစပ်သို့သာ အရှိန်အမြင့်ဆုံးဖြင့် သင်္ဘောကို မောင်းနှင်လာခဲ့သည်။
Saintသတိရလာတော့ ခေါင်းကဆောင့်မိထားတဲ့အရှိန်နဲ့ အနဲငယ်နာကျင်နေသည်။ ဘေးကိုကြည့်လိုက်တော့ ကုတင်ဘေးမှာငုတ်တုတ်လေးထိုင်ကာ သူ့လက်ကိုလက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားပြီး သူ့နှာဖူးကို လက်ပေါ်မှာ မှောက်တင်ကာ ပါးစပ်က ပွစိပွစိနဲ့ ရွတ်နေတဲ့ Perthကိုတွေ့လိုက်တော့ Saintအံ့သြကာ မျက်လုံးလေးပြူးသွားရသည်။ ထို့နောက် အခန်းထဲကိုဝေ့ကြည့်လိုက်တော့ သူတို့၂ယောက်ကလွဲလို့ ဘယ်သူမှမရှိ။
ဒါဆို ဒီထူးဆန်းတဲ့အနေအထားကြီးက ဘယ်လိုကြီးပါလိမ့်ဟုတွေးရင်း လက်ကိုအနဲငယ် လှုပ်ရှားလိုက်တော့ အရမ်းစိတ်ပူနေလို့ ပျက်ယွင်းနေတဲ့မျက်နှာထားနှင့် perthက သူ့ကိုမော့ကြည့်လာလေသည်။ ထို့နောက်ကုတင်ပေါ်သို့ ပြေးတက်လာပြီး သူ့ကိုပုခုံးကနေဆွဲဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တဲ့ Perthကြောင့် Saintတယောက်ဘာလုပ်ရမှန်းမသိအောင် အတောင့်လိုက်လေးပါသွားသည်။
Perthရင်ခွင်ကို မှီထားရင်း အသက်ရှူဖို့မေ့နေရင်းမှ သတိပြန်ဝင်လာ သူ့ကို တင်းနေအောင်သိုင်းဖက်ထားတဲ့လက်တွေကြားက ရုန်းထွက်ကာ ရင်ဘတ်ကိုစောင့်တွန်းထုတ်လိုက်သည်။
"Perth... မင်းငါ့ကို အသားယူပြန်ပြီလား.... ပြောတော့Gayမဟုတ်ဘူးဆို အခုဘာလို့ ငါ့ကိုအတင်းဖက်ထားတာလဲ"ဟုမေးလိုက်ကာ သူ့မျက်နှာကို စိုးရိမ်တကြီးကြည့်နေရင်းမှ နှစ်ပေါင်းစွာ ခွဲခွာနေရလို့ အလွန်လွမ်းဆွတ်နေတဲ့အသွင်သို့ပြောင်းသွားတဲ့ Perthမျက်ဝန်းထဲကိုကြည့်ရင်း နားမလည်နိုင်ဖြစ်နေရသည်။
YOU ARE READING
My Soulmate (Complete)
RomanceThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)