14

1.9K 243 28
                                    

တောင်တန်းတွေ ပတ်လည်ဝိုင်းနေပြီး အေးချမ်းလှတဲ့ မြို့လေးတမြို့ရဲ့ တောအုပ်လေးတခုနားမှာ ခြံဝန်းလေးနဲ့ အိမ်လေးတလုံးရှိနေသည်။
ခြံဝန်းလေးထဲမှာတော့ နှင်းဆီပန်းတွေကို တခြံလုံးအပြည့်နီးပါးစိုက်ထားလေသည်။

ထိုအိမ်လေးထဲမှာ နေတဲ့သူတွေကတော့ တယောက်ကိုတယောက်အရမ်းကိုချစ်ကြတဲ့ ကောင်လေး၂ယောက်။ ၂ဖက်မိဘများရဲ့သဘောမတူမှုကြောင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ အတူတူနေနေကြခြင်းဖြစ်သည်။

ထိုကောင်လေး 2ယောက်ဟာ ထူးထူးခြားခြားပင် 2ယောက်လုံးပန်းလေးတွေကိုချစ်တက်ပြီး ပန်းချီဆွဲဝါသနာကလဲ ပါကြသေးသည်။ တခါတလေ မသိတဲ့သူတချို့က သူတို့၂ဦးကို ညီအကိုတွေလားဟု မေးကြသည်။ အဲ့လိုမေးလာတဲ့အခါတိုင်း သူတို့၂ဦး တယောက်ကိုတယောက်ကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးဖြစ်ကြသည်။

အချစ်ဆိုတဲ့အရာရဲ့အစွမ်းသတ္တိကကြီးမားလွန်းသည်။ မတူညီတဲ့ မိဘများက မွေးဖွားလာတဲ့ လူသား၂ယောက်ကို အချစ်ဆိုတဲ့အရာက တူညီမှုတြွေဖစ်လာအောင် ဖန်ဆင်းပေးနိုင်သည်။ တယောက်နှင့်တယောက် နှလုံးသားရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု အရီအပြုံးစသည်တို့ကို ဝေမျှခံစားရင်း ခန္ဓာကိုယ်ရဲ့အပြုအမူတွေက တထပ်တည်းကျလာကြသည်။ စကားပြောတဲ့လေသံတွေကိုတူလာစေသည်။ အကြိုက်တွေတူလာစေသည်။ တယောက်နဲ့တယောက်ဟာ ပါးစပ်ကဖွင့်ပြောနေစရာမလိုပဲ အလိုက်သတိလိုက်လုပ်ပေးမိနေတာတွေ ဖြစ်လာစေသည်။

ဒါကိုတူညီတယ်လို့ပြောလို့ရရင် ဟုတ်ပါတယ် သူတို့2ယောက်ဟာ တူပါတယ်
"ပျော်နေရင်လဲ တူတူပြုံးခဲ့ကြတယ်.... ဝမ်းနည်းရင်လဲတူတူဖေးမဖြတ်သန်းခဲ့ကြတယ်.... အပြုံးချင်းထပ်တူကျနေလို့ ရုပ်ချင်းဆင်လာတယ်"လို့ သူတို့၂ဦးခံယူထားတာကြောင့် သူတို့ကိုရုပ်တူတယ်လို့ပြောလာရင် သူတို့အမြဲသာ ပြုံးပြဖြစ်ကြသည်။

သူတို့၂ယောက်ရဲ့ နာမည်က Ae နဲ့ Pete။ Aeက အသားအနည်းငယ်ညိုကာ တည်ကြည်ခန့်ညားတဲ့ ရုပ်သွင်နှင့် တကယ်ကိုကြည့်ကောင်းတဲ့ ယောက်ျားတဦး ဖြစ်သည်။ Aeရဲ့ထူးခြားချက်က မျက်ခုံးထူထူနက်နက်လေးနဲ့ နှုတ်ခမ်းက ပြုံးလိုက်တိုင်း လိုက်ပြီးပြုံးတက်တဲ့ မျက်လုံးတောက်တောက်လေးတစုံကိုပိုင်ဆိုင်ထားသောကောင်လေးတယောက်ဖြစ်သည်။

My Soulmate (Complete)Where stories live. Discover now