34

2K 316 32
                                    

အိပ်ယာပေါ်မှာလှဲအိပ်နေရင်းနှင့် ဖက်လုံးကိုဖက်ကာ ဟိုဘက်ဒီဘက် လူးလှိမ့်နေမိသည်။

ကောင်လေးတယောက်နဲ့ ချစ်သူဖြစ်သွားပြီဟူသောအသိက Saintကိုအိပ်လို့မရနိုင်အောင် စိတ်လှုပ်ရှားနေစေသည်။

အိပ်လို့မရတဲ့အဆုံး စောင်ကိုဆွဲဖယ်ကာ ထထိုင်လိုက်သည်။ ထို့နောက် ကုတင်ပေါ်ကဆင်းလိုက်ကာ တံခါးနားသို့တိုးကပ်သွားပြီး တံခါးကိုအသာလေး အသံမမြည်အောင် ဖွင့်လိုက်သည်။

တံခါးဖွင့်သံသဲ့သဲ့ကြားလိုက်ရတဲ့ perthကတော့  အိပ်မပျော်သေးပေမဲ့လဲ မျက်လုံးမှိတ်ကာ ငြိမ်နေမိသည်။ အိပ်ချင်ယောင်ဆောင်နေပေမဲ့ သူ့အနားကို ရင်းနှီနေတဲ့ အနံ့လေးတခုက တရွေ့ရွေ့နီးကပ်လာတာကို ခံစားနေရသည်။

Saintတယောက် Perthအိပ်နေတဲ့အနားသို့ အသံမထွက်အောင်သွားလိုက်ပြီး အနားမှာရှိတဲ့ကော်ဖီစားပွဲပေါ်ကိုအသာထိုင်လိုက်ကာ အိပ်ပျော်နေတဲ့ Perthမျက်နှာလေးကို စိုက်ကြည့်နေမိသည်။

ညိုညက်ညက်အသားရောင်မျက်နှာလေးပေါ်မှာ မျက်ခုံးထူထူတန်းတန်းလေးက နေရာယူထားပြီး ထူထဲကော့ညွတ်နေတဲ့မျက်တောင်လေးတွေက ထိကိုင်ချင်လောက်အောင်ဆွဲဆောင်နေသည်။ ဖြောင့်စင်းနေတဲ့နှာတံလေးနဲ့ နှုတ်ခမ်းပါးလေးတွေက တိကျပြတ်သားမှုတို့ကိုပြနေသယောင်။ ယောက်ျားပီသလွန်းတဲ့ ချစ်သူကောင်လေးက အိပ်နေတာတောင် သူ့ရဲ့စိတ်အစဉ်ကို လှုပ်ခတ်စေတာမျိုး။

သူစိုက်ကြည့်နေရင်းမှ ကော်ဖီရောင်ဆံပင်လေးတချို့က မျက်ခုံးကိုကျော်ကာ မျက်လုံးနားရောက်နေတာမို့ လက်နှင့်လှမ်းကာ ဖယ်သပ်ပေးမိသည်။

ထိုစဉ်ရုတ်တရက် လက်ကိုလှမ်းဆုပ်ကိုင်လာတဲ့ လက်တဖက်ကြောင့် သူခိုးလူမိသလို လန့်သွားပြီး အိပ်နေတဲ့Perthမျက်လုံးတွေကို ကြည့်လိုက်တော့ သူ့ကိုပြန်စိုက်ကြည့်ကာ ပြုံးပြနေတာကိုတွေ့လိုက်ရသည်။ 

ရှက်ရမ်းရမ်းကာ လက်ကိုဖယ်လိုက်ပေမဲ့ Perthက သူ့လက်ကိုအားနဲ့ ဆွဲလိုက်တာကြောင့် အပေါ်ပိုင်းတပိုင်းလုံးက Perthအိပ်နေတဲ့အပေါ် သို့ မှောက်လျက်ကျသွားရသည်။

My Soulmate (Complete)Where stories live. Discover now