2

3.2K 277 6
                                    

Perthတို့ကျောင်းတက်လာတာ ၂ပတ်ခန့်ရှိခဲ့ပြီ။ အရာရာက ပျော်ရွှင်မှုတွေနှင့် တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်သန်းဖြစ်နေသည့်Perth တယောက် အခုတလော အမြဲမက်နေသည့်အိမ်မက်က မမက်သည့်အတွက် အနည်းငယ်တော့ ထူးဆန်းနေမိသည်။

ဒီနေ့က Perthတို့ကျောင်းတကျောင်းလုံးရဲ့ Fresher Welcomeနေ့.....
ဌာနတခုထဲတင်သာမက တကျောင်းလုံးရဲ့ဌာနအားလုံးကိုပေါင်းပြီးတွေ့ဆုံပွဲဖြစ်သည်။ ဆရာဆရာမများရော ကျောင်းသားကျောင်းသူများပါ စုဝေးကြပြီး ကျောင်းအလည်ရှိ မြက်ခင်းပြင်မှာ စင်ဆောက်ကာ တက္ကသိုလ်ရဲ့ Starနှင့်Moonကိုရွေးခြယ်ကြသည်။

Perthကို ဌာနက Moonအဖြစ်ရွေးကြပေမဲ့ Perthမလုပ်ချင်တာကြောင့်ငြင်းပြီး ဒီနေ့ပွဲကို ဧည့်သည်အဖြစ်နှင့်သာ တက်ရောက်ခဲ့သည်။ သူတို့တက္ကသိုလ်က Fresher welcomeကို Night Pertyနှင့်အကြီးအကျယ်ပြုလုပ်ခြင်းဖြစ်သည်။

မိန်းကလေးများကလဲ အလှကြီးလှနေကြသလို ယောက်ျားလေးများကလဲ Suitများနှင့် ခန့်ညားနေကြသည်။

Partyက ည6နာရီစမှာဖြစ်တာကြောင့် Perthအိမ်ကနေ 5နာရီလောက်ထွက်လာခဲ့သည်။ ဆံပင်ကိုဘေးခွဲကာ သပ်သပ်ရပ်ရပ်ဖြစ်အောင်ဖြီးထားပြီး Suitခဲနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ကောင်လေးက အသက်ငယ်ပေမဲ့ ခန့်ညားသပ်ရပ်လွန်းနေသည်။

တောက်ပစူးရှတဲ့မျက်လုံး ထူပြီးနက်မှောင်နေတဲ့မျက်ခုံး တိကျနေတဲ့နှုတ်ခမ်းပါးလေးရဲ့အပြုံးအောက်မှာ ဘယ်ကောင်မလေးက မကြွေဘဲနေမည်နည်း။ ဒါကြောင့်ပဲ Perth Tanaponလာပြီဆိုလျှင် ကောင်မလေးတွေဆီက အော်သံကိုအရင်ကြားရခြင်းဖြစ်မည်။

Perthကျောင်းကိုရောက်တော့ 5:45မိနစ်ရှိနေပြီဖြစ်သည်။ သူPartyထဲသို့ဝင်သွားသည်နှင့် Planတို့ကအသင့်စောင့်နေလေသည်။

"အမယ်.... ငါတို့ရဲ့သူဌေးသားလေးရောက်လာပြီဟေ့" SummyကPerthကိုစရင်းအနားရောက်လာလေသည်။

"Wooo.... အရမ်းတွေသန့်ပြန့်ထယ်ဝါနေပါလား.... အဲ့ဒါကြောင့်ကောင်မလေးတွေရဲ့အသံက တော်တော်ကျယ်နေတာကိုး ဟုတ်တယ်မလား.... Earth"

"အင်း.... Planကလဲ အခုမှမဟုတ်ပါဘူး ဒီကောင့်ကိုမြင်တာနဲ့ကောင်မလေးတွေအသံထွက်တာ အထူးအဆန်း မှမဟုတ်တာ ရိုးနေပြီကို.... သူ့ကိုဘာကြည့်ပြီးအော်နေကြမှန်းကိုမသိတာ Summy...... နင်လဲမိန်းကလေးပဲ သူတို့လို ဘာလို့မအော်တာလဲ"

My Soulmate (Complete)Where stories live. Discover now