9

1.8K 253 11
                                    

အမူးလွန်နေတဲ့ Saintကို အခန်းသို့ပြန်ပို့ပြီးနောက် perthလဲ သူ့အခန်းသို့ပြန်လာခဲ့သည်။ အခန်းထဲတွင် ခုတင်ပေါ်မှာ ထိုင်နေရင်း နှုတ်ခမ်းကိုပြန်စမ်းကာ ဒီနှုတ်ခမ်းက P' Saintကိုနမ်းခဲ့တယ်တဲ့လား ဟုပြန်တွေရင်း နီရဲစိုထွေးနေတဲ့ နှုတ်ခမ်းလေးရဲ့ အရသာချိုချိုလေးတွေကို ပြန်တမ်းတနေသည်။ တဖက်တွင်လဲ သူ့ရဲ့အပြုမူကြောင့် P' Saintစိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲဟုတွေးကာ သက်ပြင်းချမိပြန်သည်။
ရင်ထဲကခံစားချက်တွေကို အတွေးနယ်ချဲ့ရင်း ဘယ်အချိန်အိပ်ပျော်သွားလဲမသိလိုက်။

မှိုင်းရီအုံ့ဆိုင်းနေတဲ့ တောတန်းလေးရဲ့အလည်မှ ဖြတ်သန်းမောင်းနှင်နေတဲ့ ကားလေးပေါ်သို့ Perthရောက်နေသည်။ ရာသီဥတုကအေးစိမ့်စိမ့်နှင့် နေလို့ကောင်းတာကြောင့် ကားပြတင်းပေါက်များဖွင့်ကာ မောင်းလာကြခြင်းဖြစ်သည်။ Perthက Lover seatမှာထိုင်နေခြင်းဖြစ်ပြီး ဘေးမှာမောင်းနေတဲ့သူတယောက်ရှိသည်။ သီချင်းဖွင့်ထားပြီး လိုက်အော်ဆိုကာ ရီမောနေကြသည်က ပျော်ရွှင်စရာကောင်းလှသည်။

Perthက ဘေးကကားမောင်းနေသူရဲ့လက် ဖြူဖြူသွယ်သွယ်လေးတွေကို လက်ဝါးချင်းယှက်ကာ ကိုင်ထားသည်။ ထိုသူရဲ့ ဘယ်ဘက်လက်ကောက်ဝတ် သွေးကြောပေါ်မှာ နှင်းပွင့်ပုံ တက်တူးသေးသေးလေးတခု ထိုးထားတာကို perthကလက်လေးနှင့် ဖွဖွထိကာ ကိုင်နေသည်။
Perthသွားဖြူဖြူလေးတွေပေါ်တဲ့အထိ မျက်လုံးပိတ်အောင် ပြုံးရယ်ရင်း အပျော်ကြီးပျော်နေမိသည်။

ထိုစဉ် အရှိန်နှင့်မောင်းနေတဲ့ကားလေးက ဟန်ချက်ပျက်သွားသည်။ လမ်းပေါ်မှာရှိနေတဲ့ မကြီးလွန်းမသေးလွန်းတဲ့ ကျောက်တုံးရဲ့ အချွန်ကြောင့် ကားတာယာကွဲထွက်ကာ ကားရဲ့အရှိန်ကို ထိန်းမရတော့ခြင်းဖြစ်သည်။

ကားမောင်းနေသူကလဲ အတက်နိုင်ဆုံးကြိုးစားထိန်းနေပေမဲ့ အရှိန်ကများလွန်းတာကြောင့် ကားကတခြမ်းစောင်းသွားပြီး ကတ္တရာလမ်းပေါ်၌ တပတ်လည်ကာမှောက်သွားတော့သည်။ ပြတင်းပေါက်များ ဖွင့်ထားတာကြောင့် ကားထဲမှပါလာသူ၂ဦးက ကားအပြင်သို့လွင့်စင်ကျကာ တယောက်တနေရာစီလွင့်ထွက်သွားလေသည်။

My Soulmate (Complete)Where stories live. Discover now