13

1.8K 240 43
                                    

Perthမနက်နိုးလာတော့ ခုတင်ပေါ်မှာ P' Saintမရှိတော့။ ဆိုဖာပေါ်က အမြန်ခုံထကာ ရေချိုးခန်းထဲမှာများရှိနေမလားဆိုပြီး အပြေးသွားရှာမိသည်။ တခန်းလုံးနှံ့နေအောင်ရှာပြီးမှ ရှာမတွေ့တဲ့အဆုံး Saintအိပ်သွားတဲ့မွေ့ယာလေးပေါ်မှာ စိတ်ပျက်လက်ပျက်နှင့် သွားထိုင်လိုက်သည်။ ထိုအချိန်မှ ကုတင်ဘေးနားက ခုံလေးပေါ်ကို ကြည့်လိုက်မိတော့သည်။

သူ့တွက်ရေးပေးထားခဲ့တဲ့noteလေးတခု။ ရေးထားတဲ့စာက "Thank You"တဲ့။ ဘာပဲပြောပြော ဒီလောက်အသိမှတ်ပြုခံရတာနဲ့တင် Perth အကျေနပ်ကြီး ကျေနပ်နေမိကာ မျက်လုံးပေါက်လေးတွေ ပိတ်သွားသည်အထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ 

P' Ployပြန်မည့်နေ့မနက်ရောက်တော့ Perthက Planနှင့် Earthကိုခေါ်ကာ လေဆိပ်သို့ P' Ployကိုလိုက်ပို့ နှုတ်ဆက်ရန် ထွက်လာခဲ့ကြသည်။
Summyနှင့် P' Gunက P' Ployကို အိမ်၌သွားကြိုကာ လေဆိပ်သို့လာနေကြပြီဖြစ်သည်။
P' Saintကတော့ ဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှမသိ ဖုန်းဆက်ကြည့်တော့လဲ ဖုန်းပိတ်ထားလေသည်။

လေဆိပ်ကိုP' Ployရောက်လာတော့ Perthက Ployကို ၂ယောက်ထဲစကားပြောဖို့ ခွင့်တောင်းတာကြောင့် သူတို့၂ယောက်ထဲ ကော်ဖီဆိုင်တဆိုင်မှာထိုင်ဖြစ်ကြသည်။

"P' Ploy... တကယ်ပဲဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား.... အခုပြင်မယ်ဆိုရင်လဲ အချိန်မှီသေးတယ်နော်...."

Perthပြောတဲ့စကားကို နားထောင်ပြီး Ployခပ်ယဲ့ယဲ့လေး တချက်ပြုံးလိုက်ကာ ဖြောင်းစင်းနေတဲ့ ဆံပင်လေးကို လက်နှင့် သပ်တင်လိုက်သည်။

"Perth.... မင်းကဘယ်လိုထင်လို့လဲ.... P'လဲဒီလိုမျိုးမလုပ်ချင်ပါဘူး...... P'လဲထိုင်းနိုင်ငံမှာ Saintနဲ့တူတူနေချင်ပါတယ်.... ဒါပေမဲ့ P'ကိုလဲ P'ရဲ့မိဘတွေက တွန်းအားပေးနေတာတွေရှိနေတယ်... P'ရင်ထဲမှာလဲ ခံစားနေရပါတယ် Perthရယ် Saintတယောက်ထဲ ဒီလိုဖြစ်နေတာမဟုတ်ပါဘူး.... P'လဲ ခံစားရပါတယ်"လို့ပြောရင်း မျက်ရည်ကျလာတဲ့ P' Ployကိုကြည့်ကာ Perthသနားမိသွားသည်။

"P'က မိသားစုမှာအကြီးဆုံးသမီးလေ.... P'လုပ်ချင်တာထက် လုပ်သင့်တာတွေလုပ်ဖို့ရှိသေးတယ်... P'မှာP'မိသားစုနဲ့ Saintဆိုပြီးရွေးခြယ်စရာ၂ခုရှိတယ်... အခုP'မိဘတွေက အသက်ကြီးပြီ.... P'ညမလေးတွေနဲ့ မိသားစုရဲ့စီးပွားရေးကို ဦးဆောင်ဖို့ P'ကိုလိုအပ်တယ်Perth.... P'နေရာမှာ perthဆိုလဲ ဒီလိုပဲရွေးခြယ်လိမ့်မယ်လို့ P'ထင်တယ်.... P'ကိုအပစ်မမြင်ပါနဲ့ P' Saintပျောက်နေတာကိုလဲ အပစ်မတင်ပါနဲ့ သူဘယ်လောက်ထိခံစားနေရမယ်ဆိုတာ P'နားလည်ပါတယ်"

My Soulmate (Complete)Where stories live. Discover now