19

1.9K 277 14
                                        

တဒုတ်ဒုတ်လှုပ်ခတ်သွားတဲ့ ရင်ခုန်သံတို့ကို အချိန်မှီထိန်းသိန်းရင်း Perthလက်ထဲက ရေခွက်ကို အမြန်ဆွဲယူကာ သောက်ချလိုက်သည်။ အရက်ကသောက်နေတဲ့အချိန်သီးတာ တော်တော်ဆိုးတယ် မဟုတ်လား။ ရေသောက်ပြီးသွားတာတောင် လည်ချောင်းမှာစပ်ပြီး ချောင်းက ဆိုးနေတုန်း။

"P' Saintဘယ်လိုဖြစ်လို့ သီးသွားတာတုန်း.... အဆင်ပြေရဲ့လား"လို့မေးလာတဲ့ Perthကို ဘာဖြေရမှန်းမသိ ရှက်ကိုးရှက်ကန်းဖြစ်နေမိသည့်ကSaint။

"အင်း.... ဒီတိုင်းသောက်လိုက်တာပဲ.... သူ့ဟာသူသီးသွားတာ ဘာမှမဖြစ်ပါဘူး ခဏပဲ ပြီးရင် ပျောက်သွားမှာပါ" Perthမျက်နှာကို လှည့်မကြည့်တော့ဘဲ ခေါင်းကိုငုံ့ထားကာ ခြေထောက်က ကမ်းခြေကသဲတွေကြား ထိုးဖွရင်း ဖြေလိုက်မိသည်။

သူ့ရင်ဘက်ထဲကနှလုံးသားရဲ့ ဖြစ်ပျက်နေမှုကိုတော့ သူကိုယ်တိုင်နားမလည်နိုင်အောင်ဖြစ်မိသည်။ ဒီလိုရင်ခုန်သံတွေက သူတသက်တာမှာ တခါမှထွက်လာဖူးတဲ့အရာမဟုတ်။ Ployနားမှာရှိနေတုန်းကတောင် မဖြစ်ဖူးခဲ့။ အခုPerthကို သေချာကြည့်မိတဲ့အချိန်မှ လှုပ်ခတ်လာတဲ့ရင်အစုံရဲ့ ဘာသာစကားကို သူဘာသာပြန်ဖို့ မတက်နိုင်သေး။ ဒါကြောင့် Perthကိုစကားဆက်မပြောတော့ဘဲ ရင်ခုန်သံတို့ကိုသာ ဘာသာပြန်ဖို့ကြိုးစားရင်း ငြိမ်ငြိမ်လေးသာ ထိုင်နေမိသည်။

Perthကတော့ Saintဘာဖြစ်သွားမှန်းမသိတာကြောင့် ဘေးနားမှာ ငြိမ်ငြိမ်လေးသာထိုင်ပေးနေမိသည်။ အသဲကွဲနေသူတယောက်အတွက် တိတ်ဆိတ်ခြင်းကသာ အကောင်းဆုံးမဟုတ်လား။ P' Saintဒဏ်ရာတွေကျက်သွားဖို့အတွက် အချိန်လိုသည်လေ။ ဒီအချိန်လေးအတွင်းမှာ သူ့ကို မနှောင့်ယှက်ဘဲ ငြိမ်ငြိမ်လေးရှိနေပေးတာက အကောင်းဆုံးဖြစ်မှာပါဟု တွေးရင်း လက်ထဲမှာရှိတဲ့ cocktailကိုသာ တစိမ့်စိမ့်ထိုင်သောက်နေလိုက်သည်။

ထိုညက Saintအတွက် ညတာရှည်နေခဲ့လေသည်။ Ployကိုသတိရနေတာလားဆိုတော့လဲမဟုတ်၊ အသည်းကွဲနေတာလားဆိုတော့လဲမဟုတ်၊ သူသေချာကြည့်မိလိုက်တဲ့ Perthဆိုတဲ့ ကောင်လေးရဲ့မျက်နှာအစိတ်အပိုင်းတခုချင်းစီက သူ့အာရုံမှာ ပြန်ပေါ်ပေါ်လာနေတာကြောင့် ရင်ထဲမှာအေးသလိုလို စိမ့်သလိုလို လေထဲလွင့်နေသလိုလိုနှင့် ကလိကလိခံစားနေရလေသည်။

My Soulmate (Complete)Where stories live. Discover now