""""""""""""""""""""
"Kit.....မင်းနိုးပြီလား....''
ခေါင်းနောက်ပိုင်းကနာကျင်မှုနဲ့အတူ
တွေးမိသည်က သူမသေသေးဘူးလား..မဖြစ်နိုင်တာ...
သူ အထပ်လေးဆယ်ရဲ့ အပေါ်ဆုံး
ခေါင်မိုးထပ်က ပြုတ်ကျခဲ့တာလေ...
သူ မသေသေးဘူးဆိုတော့...
သူတကယ်ကံဆိုးနေတာပဲ...."Kit....Kit.....မင်းနိုးရင်လည်းထူးဦး''
ဒါ Gun လား...
"Gun......''
"အေး....ငါ...''
ပါးချိုင့်ပေါ်အောင်ပြုံးပြနေတဲ့
အပုလေး...."ငါမသေဘူးလား.....''
"ခေါင်းလေးတစ်ချက်ပဲရိုက်ခံရတာကို
ကွာ...သေမလား...''သူ့နဖူးကို လက်ဖျားနဲ့လာရိုက်ရင်း
လှောင်သလိုပြောသည်"ရိုက်ခံရတယ်....''
!!မဟုတ်ဘူးလေ.....သူ ခေါင်မိုးထပ်က
ပြုတ်ကျတာလေ..အရိုက်ခံရတာမှ
မဟုတ်တာ...!!"မင်း..ဘာဖြစ်နေတာလဲ ကြောင်တောင်
တောင်နဲ့..''"ငါ ခေါင်မိုးထပ်က ပြုတ်ကျတာတောင်
မသေလို့ အံ့သြ နေတာ...''ခေါင်းကိုစမ်းလိုက်တော့ ပတ်တီးစီးထားပုံ
ပါပဲ..သိပ်တော့ မနာလှသလိုပဲ..."ဟ.....ဟေ့ကောင်...ဘယ်ကခေါင်မိုးထပ်
လည်း...မင်း အိမ်မက်မက်နေတာလား...
ရူးသွားတာလား....''အိပ်နေတဲ့သူ့ကို ပြူးပြဲကြည့်နေတဲ့
Gunကို ကြည့်ပြီး သူ မှားနေတာတစ်ခု
ကို မြင်သွားတယ်Gun ရဲ့ဆံပင်တွေရှည်နေသလိုပဲ...
ဒီဆံပင်ပုံက ဟိုအရင် ခပ်ငယ်ငယ်က
Gun အကြိုက်ဆုံးဆံပင်ပုံလေ...ဒီကောင် သူငယ်ပြန်နေတာလား...
"Gun.....''
"အေး........''
"Phi Off ရော...''
"ဘယ်က Phi Off လဲ....''
Gun ကြည့်ရတာ အူကြောင်ကြောင်နဲ့
ကိုယ့်လင်ကိုယ်မမှတ်မိဘူးလား..."မင်း လင်လေ....''
"Ai Kit...သေမလို့ ငါ့လင်လား...
ကြားတောင်မကြားဖူးတဲ့ဟာ...ဘာလဲ
အဲ့ဒါ Club ကိုလာတဲ့ မင်းဖောက်သည်
လား....''
![](https://img.wattpad.com/cover/204273936-288-k51054.jpg)
YOU ARE READING
Rebirth for Love
FanfictionRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...