"""""""""""""""""""
ချစ်ခင်မြတ်နိုးဖွယ်မျက်နှာငယ်လေးဟာ
သူ့ရှေ့မှာအသက်မဲ့လျက်
ဖောင်းအစ်နေတဲ့မျက်ခွံမို့မို့က
အသည်းအသန် ငိုခဲ့ကြောင်းသိသာစေ
သလို သူ့ရင်တွင်းသနားခြင်းအရိပ်တို့
ဖြတ်ပြေးတယ်ဒါပေမယ့် ခဏပဲ....
ဒါကအချစ်လေးတစ်ခုပဲကို
ဘာများအရေးကြီးလို့လဲ...
ဂုဏ်သိက္ခာ ပကာသန တွေလောက်
အရောင်တောက်လို့လားနောက်ဆုံးကျ လူတွေရွေးချယ်မှာက
ငွေ ပဲမဟုတ်လား
ဂုဏ်သိက္ခာ ဆိုတဲ့အရာတစ်ခုကိုပဲ
ဖက်တွယ်ထားကြမှာပဲမဟုတ်လား...အချစ်......
အဲ့ဒါကဟာသတစ်ခုသာသာပါဟုတ်တယ်
သူ့အတွက်တော့ ဟာသ တစ်ခုပဲ...
သူချစ်ခဲ့ဖူးတဲ့အချစ်က
ဟက်.....သစ္စာမဲ့ခြင်းနဲ့အဆုံးသတ်သွား
တာပဲလေ..ရင်းနှီးခဲ့ရတဲ့အချိန်တွေ
မိသားစုရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းတွေကို
ကျော်လွန်ပြီး အချစ်ကိုသာသူရွေးချယ်ခဲ့
ပေမယ့်
တဖက်သူကတော့ တစ်ပါးသောမိန်းမတစ်
ယောက်ကိုလက်ထပ်ယူလိုက်ခြင်းဖြင့်သာ
သူ့ကိုတုံ့ပြန်ခဲ့သည်နှစ်တွေအကြာကြီးချစ်လာခဲ့ကြတဲ့
အချိန်တွေကိုမှမငဲ့
သူ့တစ်ယောက်ကိုသာ ကိုးကွယ်ခဲ့သော
နှလုံးသားကိုမှ မညှာတာ...နောက်ဆုံးတော့ ထိုသူရွေးချယ်ခဲ့တာက
မိသားစုရဲ့ဂုဏ်သိက္ခာ
သူ့မေတ္တာကိုစွန့်ပစ်ခြင်းဘယ်မှာလဲ...
ထာဝရတည်မြဲတဲ့သစ္စာကုတင်ပေါ်ထိုင်နေရာကသူထရပ်လိုက်တယ်...
သူ့ရှေ့က ကျောက်ဆစ်ရုပ်က မျက်လုံးအိမ်ကအစမရွေ့လျား.."ကိုယ်တို့စကြတော့မလား..''
သူ့ထက်ခေါင်းတစ်လုံးစာလောက်နှိမ့်တဲ့
အရပ်နဲ့ကောင်လေးရဲ့မေးဖျားလေးကို
ခပ်ကြမ်းကြမ်းပဲပင့်မော့စေလိုက်တယ်..လူသေတစ်ယောက်ရဲ့ဟန်ပန်မျိုးနဲ့သာ
ရှိနေတဲ့ကောင်လေးကို
သူခံစားလို့မရတာအသေချာ" မင်းခန္ဓာကိုယ်က မင်းချစ်သူနဲ့အသားကျ
ပြီးလောက်ပြီပေါ့.''
![](https://img.wattpad.com/cover/204273936-288-k51054.jpg)
ESTÁS LEYENDO
Rebirth for Love
FanficRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...