သူတို့ ကအတွဲနဲ့တူတယ်..(သူတို့ကအတှဲနဲ့တူတယျ)

1.9K 216 8
                                    

""""""""""""""""""""

ဝယ်လာတဲ့ ပစ္စည်းတွေကို စားပွဲပေါ်တင်
ပြီး ဘယ်ကအရင်စလုပ်ရမလဲ စဉ်းစား
လိုက်တယ်...

Phi ကတော့အိပ်နေဦးမှာပါ...

နောက်စေ့ကဒဏ်ရာရော ကျောရိုးက
ဒဏ်ရာနဲ့ရောမို့ မှောက်ခုံအိပ်ရတဲ့
Phi ကိုသနားမိသည်

မနက်လင်းအားကြီးမှအိပ်ပျော်သွားကာ
အိပ်ပျော်သွားတာတောင် သူ့လက်ကို
ကိုင်ထားဆဲမို့......

အား.......ရှက်လိုက်တာ....

ငါဘာတွေလုပ်လိုက်တာလဲ....
ငါက Phi ကိုနမ်းလိုက်တယ်.....
ပြီးတော့.....
Phi က အဲ့ဒါကိုတုံ့ပြန်တယ်....

အချိန်တော်တော်ကြာသည်အထိ
သူတို့နူတ်ခမ်းတွေကိုဆက်သွယ်ထားမိ
တုန်း....

စားပွဲပေါ်ထောက်ထားတဲ့လက်တွေကို
မျက်နှာပေါ်အုပ်တင်မိတယ်....
ပူရှိန်း ပူရှိန်း နဲ့....

နူတ်ခမ်းဆီလက်ဖျားနဲ့တို့ထိမိတော့
မနက်အစောက Phi ရဲ့ နူတ်ခမ်းနွေးနွေး
တွေ ရဲ့ အထိအတွေ့တွေ...

အဲ့ဒါက ချိုတယ်.....
ဟုတ်တယ်....သကြားလိုချိုတာမဟုတ်ပဲ
သူချိုတာက ဘယ်လိုပြောရမှန်းမသိတဲ့
အချိုမျိုး.....

"အသိဝင်စမ်း....အသိဝင်စမ်း....''

ပါးနှစ်ဖက်ကို လက်နဲ့တစ်ဖတ်ဖတ်ရိုက်
လိုက်ပြီး မြင်ယောင်နေမိတဲ့ နူတ်ခမ်း
တွေဆီကရုန်းထွက်ရတယ်...

ဒါက တကယ်ပဲ......

သူပြန်ပြန်တွေးမိနေတယ်....

"ဂြီ....''

ဗိုက်ထဲက အကောင်တချို့ရဲ့ အစာ
တောင်းသံကြားမှပဲ....
မနက်စာကို နေ့ခင်းဆယ့်တစ်နာရီမှ
ချက်ဖို့ပြင်ရတော့တယ်....

ထမင်းအိုးကိုအရင်တည်ထားလိုက်ပြီး
ဝယ်လာတဲ့ ကြက်သားကို အရသာ
ဂျင်းရည် နဲ့နှပ်ထားလိုက်တယ်....
Phi အတွက်စွပ်ပြုတ်လုပ်ပေးဖို့ပေါ့....

သူမသေဆုံးခင်တုန်းကဆို Phi Sing နေမကောင်းတဲ့
အခါတိုင်း စွပ်ပြုတ်လုပ်ပြီး ပို့ပေးလေ့
ရှိခဲ့တယ်.....

Phi Sing က သူချက်တဲ့စွပ်ပြုတ်ကို
ကုန်အောင်သောက်ရင် သူ့မှာ...
သေမတတ်ကျေနပ်နေရော......

Rebirth for LoveHikayelerin yaşadığı yer. Şimdi keşfedin