နူတ်ဆက်လမ်းခွဲချိန်(နူတ်ဆက်လမ်းခွဲချိန်)

1.5K 175 7
                                    


""""""""""""""""""""

"Phi နောက်ကျတယ်နော်....''

ညနေ ငါးနာရီလောက်ဆို ပုံမှန်ပြန်လာ
နေကျသူက ကိုးနာရီလောက်မှ
ပြန်ရောက်တတ်လာတဲ့အခါ....

တချို့သူတွေအတွက် ကိုးနာရီက
အစောကြီး ပေမယ့် သူ့အတွက်က
တော်တော်ကြီးနောက်ကျနေတဲ့ အချိန်ပါ
ပဲ......

"ကိုယ်တို့စကားပြောရအောင်....''

ပင်ပန်းနေတဲ့ရုပ်သွင်နဲ့ Phi ကို
မြင်ရတဲ့အခါ သူ့အတွေးတွေက
သို့လော သို့လော နဲ့...

သူတို့က အဆုံးသတ်ဖို့အချိန်ကျရောက်
လာပြီလားလို့ တွေးမိလိုက်တယ်...
မဖြစ်နိုင်ဘူးဆိုတာ သိသိကြီးနဲ့ပေါ့..

Phi ကအရင် သူ့အခန်းကိုပြန်သွား
တဲ့အခါ Gun ကနောက်ကနေ
သူ့ကိုတွန်းလွှတ်တယ်...

ရင်ထဲကလေးပင်မှုကို ဖြေလျော့ချလိုက်ပြီး
တိတ်တဆိတ်ပဲ သူလိုက်သွားခဲ့တယ်..

သူတံခါးကိုပိတ်ပိတ်ပြီးလိုက်ချိန်မှာပဲ
Phi က သူ့ကိုဖက်တွယ်လာတယ်...

ခါတိုင်းလို Phi ရဲ့ရင်ခွင်ထဲ သူ့ကိုထည့်
ဖက်တာမျိုးမဟုတ်ပဲ...
သူ့ရင်ခွင်ထဲကို Phi ကတိုးဝင်နေတာ...

နံရံကိုကျောကပ်မှီပြီးမှ Phi ရဲ့အလေးချိန်
ကိုသူထိန်းလိုက်နိုင်တယ်..
ဘာစကားမှမဆိုကြပဲနဲ့ Phi ရဲ့ပုခုံးကို
အသာအယာပုတ်ပေးနေလိုက်တယ်...

သူ့ရဲ့ကိုယ်တွင်းမှာတော့ ဆို့နစ်ကြေကွဲမှု
တွေက စတင်နေရာယူနေခဲ့ပြီ...
ဒီအခြေအနေက ပုံမှန်မဟုတ်တာ
သူခံစားမိပြီးတဲ့နောက်တော့ ဘာတွေပဲ
ဖြစ်လာလာ တည်တည်ငြိမ်ငြိမ်နဲ့
ရင်ဆိုင်နိုင်ဖို့ သူကြိုးစားရတော့မှာပဲပေါ့...

Krist နည်းတူပဲ....Singto ဟာလည်း
ဘာမှမပြောရခင် နာကျင်နေခဲ့ပြီ...

သူဟာ Krist ရဲ့အချစ်နဲ့ထိုက်တန်သူတစ်
ယောက်ပဲ ဖြစ်ချင်တယ်
Krist ကို ချစ်တယ် လို့သူပြောတဲ့အချိန်
မှာ တစ်လောကလုံးက သူတို့ကို
မော့ကြည့်နေစေချင်တယ်...

ဘယ်သူတစ်ဦးတစ်ယောက်ကမှ
သူတို့ကို ကဲ့ရဲ့ရှူတ်ချခြင်းမရှိစေရဘူး..

Rebirth for LoveWhere stories live. Discover now