လွည့္ကြက္မ်ား(လှည့်က်က်များ)

1.2K 117 9
                                    

""""""""""""""""""""""

သုံးရက်ဆိုတဲ့အချိန်ကခဏလေးနဲ့
ပြီးဆုံးသွားတယ်...

ခုသူ့ရှေ့မှာနေ့လည်စာစားဖို့ပြင်နေတဲ့
ကောင်လေးတောင် သူနဲ့အတူ
အလုပ်ဆင်းတာသုံးရက်ရှိပေါ့...

လက်ကဒဏ်ရာတွေကိုအကြောင်းပြုပြီး
မရမကချွဲလိုက်တော့ Krist ဟာ
ဆူပူရင်းနဲ့ပဲ သူ့အတွင်းရေးမှုးဖြစ်လာရ
တော့တာ...

"Phi....စားတော့လေ...''

"ကိုယ့်လက်ကနာနေတယ်...''

Steering Wheel အပေါ်
ဒေါသတွေပုံချမိတဲ့အကျိုးက
ညာသန်ဖြစ်တဲ့သူ့ကိုဒုက္ခကြီးကြီး
ရောက်စေတော့တာပဲ...

သူ့လက်မှတ်လိုအပ်တဲ့ အလုပ်ကိစ္စ
တချို့ကိုသာ ဦးစားပေးလုပ်ဆောင်ရင်း
ကျန်တာမှန်သမျှက Krist ရဲ့
လက်ရာခြေရာချည်း...

"Phi မှာဘယ်လက်ရှိတာပဲ..ဘယ်နဲ့စား
ပေါ့...''

မေးငေါ့ကာ စုချွန်နေတဲ့နူတ်ခမ်းနဲ့
ထော်ချေလှန်ချေပြောနေတာဘယ်သူ့
ကောင်လေးများလဲ...

လက်ကဒဏ်ရာတွေရဲ့သမိုင်းကိုမသိတဲ့
ကောင်လေးကိုသူကလည်း
ဘာတစ်ခုမှမရှင်းပြဖြစ်ခဲ့....

ဒီအတိုင်း ခြေချော်လက်ချော် ဖြစ်သွားတာလို့ပဲအကြောင်းပြတော့
ဂရုမစိုက်ရကောင်းလားလို့တစ်နေ့နဲ့တစ်ညဆူပူနေခဲ့တာ...
ဘယ်လိုတောင်ပွစိပွစိလုပ်တတ်တာလဲ...

ဒါပေမယ့်လည်း..
သူ့အပေါ်စိတ်ပူပြီး ဆူပြောနေတာမို့
သူပျော်သည်

"....ဟ....''

ခက်ရင်းနဲ့လိမ်ထားတဲ့ စပါကတီ က
သူ့ပါးစပ်နားရောက်လာတယ်...

" Phi...မြန်မြန်ဟ...လူတွေမြင်ကုန်မယ်..''

ဘေးဝိုင်းတွေဆီမလုံမလဲကြည့်ရင်း
ပျာပျာသလဲ လုပ်နေပုံလေးက
ဘယ်လိုတောင်စိတ်ယားစရာကောင်းတာ
လေးလဲကွာ...

ပါးစပ်နဲ့အပြည့်တစ်လုပ်စာကို
လှမ်းစားလိုက်ပြီး အရသာခံမိတယ်..
ဒီဆိုင်က ခါတိုင်းလည်းသူနေ့လည်စာလာ
စားနေကျဆိုင်...

ဒါပေမယ့်
ဒီနေ့ရဲ့အရသာကပိုကောင်းနေတယ်..

သူ့ပါးစပ်ထဲကုန်လောက်ပြီလို့ထင်တာနဲ့
အလိုက်တသိလာလာခွံ့ပေးနေတဲ့
ချစ်သူလေးကြောင့် ပိုလို့အရသာ
ရှိသွားတာဖြစ်မယ်...

Rebirth for LoveOnde histórias criam vida. Descubra agora