1.2K 124 32
"""""""""""""""""""""
"Phi လာ ကျွန်တော် နူတ်ခမ်းမွေး
မုတ်ဆိတ်မွေးရိတ်ပေးမယ်....''
တစ်ခါမှ ဒီလိုမလုပ်ဖူးတဲ့ Krist က
အထူးတဆန်းတွေပြုမှုလာတော့
Sing အတွက် ပျော်ရမလို ဝမ်းနည်းရမလိုနဲ့...
မနက်ဖြန်ဆို သူ့အိမ်ကိုသွားနေတော့
မယ့် Krist က မသွားခင်
အရင်ထက်ပိုဂရုစိုက်နေတော့
ဘယ်သူကခွဲနိုင်ပါတော့မတဲ့လဲ...
"Phi လာဆို...''
တဘက်ကိုလည်ပင်းမှာပတ်ပေးပြီး
အမြုပ်တွေကို သုတ်လိမ်းပေးလေရဲ့..
ပြီးမှ အာရုံစူးစိုက်စွာနဲ့
သေချာရိတ်ပေးလေတော့တယ်...
သူကတော့ ခါးကနေသိုင်းဖက်ထားရင်း
Krist ရဲ့လှုပ်ရှားမှူတိုင်းကို
မလွတ်တမ်းကြည့်နေမိတယ်...
တစ်လကြီးများတောင် ခွဲနေရမှာ..
သူ တကယ်မနေနိုင်ဘူး..
ဒီမှာပဲနေပြီး အိမ်ကိုအပို့အကြိုလုပ်ပေး
ပါ့မယ်လို့အကြိမ်ကြိမ်ကမ်းလှမ်းခဲ့တာ
တောင် ခေါင်းမာလှတဲ့ကောင်လေးက
အကြိမ်ကြိမ်ပယ်ချလေရဲ့...
အိမ်ကထွက်လာတာလည်းကြာပြီမို့
တစ်လလေးတော့ခွင့်ပြုပါတဲ့....
သူခွင့်မပြုလည်း သွားမှာပဲကိုများ...
လွမ်းကျန်နေခဲ့ရမယ့်သူ့ကို မညှာတာပါလေ....
အတူနေတာက ဘယ်လောက်မှမကြာသေးပါပဲနဲ့
အခုတော့ အကြာကြီးခွဲနေရဦးမည်..
"Phi နည်းနည်းမော့ဦး...''
သူ့မေးဖျားကိုလက်နဲ့ကိုင်ပြီးမော့ခိုင်းနေ
လေတယ်...
အာရုံစိုက်ထားရလွန်းလို့ အောက်နူတ်ခမ်း
လေးကိုပါဖိကိုက်ထားရှာတယ်...
"Krist...တစ်ပတ်တစ်ခါလောက်တော့
ပြန်လာပါလားကွာ...''
"Phi...စကားမပြောနဲ့ ဓားထိသွားမယ်..''
မျက်မှောင်လေးမသိမသာကြုံ့လျက်
လူကိုဆူသလိုလို လုပ်လိုက်သေး...
ရူးရတော့မှာ ကလေးရာ...
အားလုံးပြီးစီးသွားပြီဆိုတော့မှ
သူ့မျက်နှာကို စေ့ငုစွာကြည့်၍
လက်ခုံဖောင်းဖောင်းလေးနဲ့လိုက်ပွတ်သပ်
တယ်...
"Ok ပြီ...''
ကျေကျေနပ်နပ်လေးပြုံးပြီး
လှည့်ထွက်သွားတော့မယ့်ကောင်လေးကို
တံတောင်ဆစ်ကကိုင်ဆွဲပြီး
ရင်ခွင်ထဲထည့်ဖက်မိပြန်တယ်...
Rebirth for LoveМесто, где живут истории. Откройте их для себя