လမ်းပျောက်သွားတယ်(လမ်းပျောက်သွားတယ်)

1.4K 181 9
                                    


"""""""""""""""""

ည ဆယ္နာရီ......

ဒီအခန်းရှေ့သူရပ်နေတာ အတော်လေးတော့ကြာနေပြီ....

မေ့ပစ်ဖို့ကြိုးစားနေရင်းက
ဒီနေရာကိုပြန်ပြန်ရောက်ရောက်လာတာ
ဘယ်နှခေါက်ရှိခဲ့ပြီလဲ

ကိုယ်မဟုတ်တဲ့ရွေးချယ်မှုတွေနဲ့....
ကမ္ဘာ တစ်ဖက်မှာ တစ်ယောက်သောသူ
ကအသားကျနေလောက်တယ်

အသိစိတ်က မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ
ဆိုပေမယ့်....
နှလုံးသားက လိုက်နာခြင်းမရှိနိုင်သေးတဲ့
သူ့မှာသာ...

Password ကိုရိုက်ထည့်လိုက်ပြီး
တံခါးကိုအသာတွန်းဖွင့်ဝင်လိုက်တယ်...

Phi New ကို သူငယ်ချင်းအိမ်မှာအိပ်မယ်
လို့ပြောပြီး Phi ရဲ့အိမ်မှာတိတ်တိတ်ဝင်
အိပ်ဖို့ရောက်လာခဲ့တာမို့..
တဖက်ခန်းက Gun တို့ကြားသွားမှာ
စိုးသည်လေ...

ပွင့်သွားတဲ့တံခါးကို အသာဖွင့်ဝင်ပြီး
အသံမထွက်အောင်ပိတ်လိုက်တယ်...

နှစ်နှစ်.....
နှစ်နှစ်ရှိခဲ့ပြီ.....
ဒီလိုလေး Phi ကိုလွမ်းတဲ့အခါ
Phi ရဲ့အိမ်ကိုလာပြီး သန့်ရှင်းရေးလေးလုပ်...
Phi လှုပ်ရှားသက်ဝင်ဖူးတဲ့ နေရာတွေကို
တမေ့တမော ငေး....
Phi အိပ်ခဲ့တဲ့အိပ်ရာထက်မှာ
ဝင်အိပ်ပြီး အလွမ်းတွေဖြေဖျောက်ခဲ့ရတာ..

မလွယ်ကူဘူး
ကျောင်းတစ်ဖက်အလုပ်တစ်ဖက်နဲ့
Phi အကြောင်းမစဉ်းစားမိအောင်
ကြိုးစားနေခဲ့ပေမယ့် ဒါက
လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ခဲ့ဘူး.....

ဖိနပ်ကိုချွတ်ဖို့ဘေးနံရံကိုလက်တစ်ဖက်နဲ့
ထောက်လိုက်တယ်...

ဒီနံရံနားမှာ သူတို့အနမ်းတွေခြွေခဲ့ဖူးတယ်...
ဒီနားမှာပဲ Phi က အဝေးကိုထွက်သွား
တော့မယ့်အကြောင်း သူ့ကိုအသိပေးခဲ့တယ်.....

အချစ်ကဘာလို့များဒီလောက်ခက်ခဲရတာလဲ.....

တစ်ယောက်ပြီးတစ်ယောက်ချစ်လိုက်လမ်းခွဲလိုက်လုပ်နေကြတဲ့သူများမှာ
အချစ်ကပေါများနေလို့လား...

ရှင်သန်ခဲ့တဲ့ကာလနှစ်ခုမှာ
သူကတော့ တစ်ယောက်ထဲကိုပဲ
ချစ်ခဲ့မိပါသည်

Rebirth for LoveWhere stories live. Discover now