အပေးနဲ့အယူ(အပေးနဲ့အယူ)

1.2K 132 3
                                    


""""""""""""""""""

Monitor မှာပေါ်နေတဲ့ ကောင်ငယ်လေး....
မဟုတ်သေးဘူး..မတွေ့ရတဲ့နှစ်တွေအတွင်းမှာ တည်ငြိမ်ရင့်ကျက်လာဟန်နဲ့
လူရွယ်လေးလို့ပြောရလေမလား...

အဲ့လိုတွေးလိုက်တော့လည်း
အရင်က ဒီကောင်လေးကို သဘောကျ
နှစ်သက်ခဲ့ဖူးတာကို ပြန်သတိရမိသား...
ထိုစဉ်ထဲက လူကြီးပုံဖမ်းနေတတ်တဲ့
ကောင်လေးဟာ ခုတော့
တကယ့်လူကြီးတစ်ယောက်လိုဖြစ်နေပြီ...

စိတ်ရှည်လက်ရှည်နဲ့ သူ့ကိုတွေ့ဖို့လာ
စောင့်နေတာ ဒီနေ့နဲ့ဆို သုံးရက်...
မနက်ရုံးဖွင့်ချိန်ဆိုလာပြီး
ညနေရုံးဆင်းချိန်ဆိုပြန်သွားတတ်တယ်...

သူနဲ့တွေ့ခွင့်မရသေးသလို မောင်းမထုတ်
ပစ်ဖို့လည်း မှာထားရသေး...
သူကဘယ်သူလဲ...
ဝန်ကြီးတစ်ယောက်ဖြစ်နေပြီလေ..
အလွယ်တကူတွေ့ခွင့်ပေးလိုက်မယ်ဆို
ပေါပေါပဲပဲ ဖြစ်သွားတော့မှာပေါ့

" Krist Perawat ရဲ့ပထွေးက
ခုပရောဂျက်ရဲ့ ဆောက်လုပ်ခွင့်ကို
လျှောက်ထားတဲ့ ကုမ္မဏီတွေထဲက
တစ်ခုပါ....
ဒီပရောဂျက်ကိုမရရင် ဒေဝါလီခံရမယ့်
အခြေအနေပါ...''

ဟက် ကနဲတစ်ချက်ရယ်မိတယ်...
ဒီအတွက်ကြောင့်သူ့ဆီလာတာလား...
ဒါပေမယ့် ဒီကောင်လေးဘယ်လိုများ
တွေးလိုက်တာလဲ..

သူသဘောကျခဲ့ဖူးတာကို
ခုထိမှတ်ထားတာလား...

ဘာပဲဖြစ်ဖြစ် ပေါ့လေ...
သူ ကစားတာတွေကိုနားလိုက်ပြီဆိုပေမယ့်လည်း...
တစ်ခါလောက်လေးတော့.....

" သူ့ကိုခေါ်လိုက်...''

သူ့သက်တော်စောင့်ရဲ့မျက်ခုံးဟာ
ပင့်သွားလေရဲ့...
ဒါပေမယ့် ဘာမှတော့မပြောပဲ
ထွက်သွားလေတယ်..

Krist........
သိပ်ပြီးစိတ်ဝင်စားစရာမကောင်းတော့
သလိုပဲ...

""""""""""""""""""""

အိတ်ထဲကငွေစုစာအုပ်လေးကိုစမ်းမိတိုင်း
ရင်လေးလေးသွားသလိုပဲ...
နှစ်နှစ်လောက်စုခဲ့တဲ့ငွေက
အခုကျ ကြွေးတစ်ခါဆပ်တောင်မပြည့်မှီ..
အတိုးနူန်းတွေနဲ့ပါတွက်ထားတာမို့
လိုအပ်နေသေးတဲ့ငွေကို Gun ဆီက
ချေးခဲ့ရသေးသည်

Rebirth for LoveNơi câu chuyện tồn tại. Hãy khám phá bây giờ