"""""""""""""""""""""""
"Krist......Krist....ထတော့လေ....''
!! ဟင့်အင်း သူအိပ်ချင်နေတုန်းပဲ....
တစ်ပတ်လုံးလုံး အလုပ်တွေမနားတမ်း
လုပ်ခဲ့ရပြီး ခုရက်လေးတွေမှ အနားယူရ
တာကို....!!"Krist.....ထတော့ကွာ..ကိုယ် အလုပ်သွားရတော့မှာ...Krist နဲ့
မနက်စာ အတူတူလေးစားချင်လို့ကို...''ဒါပါပဲ..
Phi ရဲ့နောက်ဆုံးလက်နက်က....အိပ်ရာထဲက ကြူံးထလိုက်ပြီး
မျက်လုံးကျယ်သွားအောင် လက်ဖမိုးနဲ့
ပွတ်ပစ်လိုက်တယ်..."မပွတ်နဲ့လေ..မျက်တောင်မွေးစူးလိမ့်မယ်...''
လက်တွေကိုလာဆွဲပြီး ပြောတော့
ရင်မှာ ကြည်နူးရသား....
Phi ကလေ.....
သူကများဂရုစိုက်လိုက်ရင် ဒီကလူမှာ
ရူးချင်သလိုလို ဖြစ်သွားတာ"ဟော...ကြည့်နေပြန်ပြီ...လူညစ်ပတ်လေးကွာ...သွားတော့ရေချိုးတော့...
ကိုယ် ဟင်းရည်သွားနွေးထားနှင့်မယ်..
မြန်မြန်ချိုးပြီးထွက်ခဲ့...ခေါင်းမလျှော်နဲ့နော်....မိုးအုံ့နေတယ်...''ပြောလည်းပြော လူကိုပါဆွဲထခိုင်းပြီး
ရေချိုးခန်းဆီတွန်းလွှတ်နေပြန်တယ်..."Phi.......''
တမင်ချွဲတာမျိုးမဟုတ်ပဲ အသံကိုဆွဲပြီး
ခေါ်လိုက်တော့..."ကဲ.....ဘာပြောဦးမလို့လဲ...''
ခါးလေးထောက်ပြီးပြောနေပုံနဲ့
မနိုင်ဘူး ဆိုတဲ့အကြည့်လေးက
တကယ်အူယားစရာ...ဝတ်ထားတဲ့ suit နဲ့ ကိုယ်ခန္ဓာနဲ့က
ချပ်ချပ်ရပ်ရပ်.....
အပြောင်သိမ်းထားတဲ့ ဆံပင်ပုံစံနဲ့မို့
မျက်နှာသွယ်သွယ်လေးကလည်း
ရှင်းရှင်းလင်းလင်း...." ဪ....ကဲ....အာပေတူးရေ....
ဘာပြောမလို့အဲ့လောက်ကြည့်နေရတာလဲ...''ထိုတော့မှ အကြည့်လွန်နေမိတာကို
အသိပြန်ဝင်လာတဲ့ Krist...!!အာ.....ကိုယ်ငမ်းနေတာကြီးကို
အဲ့လောက်ပွင့်ပွင့်လင်းလင်းမပြောနဲ့လေ..!!Sing ကတော့ဖြင့် သူ့ရှေ့က ဆံပင် စုတ်တိစုတ်ဖွားနဲ့...
တစ်ပတ်နွမ်းတီရှပ်လေး ဝတ်ထားပြီး
ပေါင်လည်လောက်ဘောင်းဘီတိုနဲ့
ကောင်လေးကိုကြည့်ပြီး သမာဓိမခိုင်ချင်
တော့...
ESTÁS LEYENDO
Rebirth for Love
FanficRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...