"""""""""""""""""
"ခဏလေး!!!!!!....''
"အား......''
သူ့ရဲ့တီရှပ်ကိုပါချွတ်ဖို့ကြိုးစားလာတဲ့
Khun Huant ကိုသူကအသာလေး
တွန်းလိုက်တာဖြစ်ပေမယ့်
ထိုသူကတော့ ဝမ်းဗိုက်ကိုနှိပ်ပြီး
ခပ်ကုန်းကုန်းဖြစ်သွားလေတယ်...."ခင်ဗျား.....ဘာဖြစ်တာလဲ... ''
သွားပြီးဖေးကူဖို့လုပ်လိုက်ပေမယ့်
Huant က လက်ကာပြလိုက်တယ်...."ရက်စက်လိုက်တာကွာ.......''
ခပ်ညည်းညည်းပြောလိုက်ရင်း
အင်္ကျီ ကိုလှန်ချွတ်တယ်..
အဲ့ဒီတော့မှ ဝမ်းဗိုက်ကိုပတ်ပြီးစည်းထား
တဲ့ ပတ်တီးဖြူဖြူကိုမြင်တွေ့လိုက်ရတော့
တယ်....."ခင်ဗျား...တစ်ခုခုဖြစ်ထားတာလား..''
ဒီလူကိုသူဘယ်လောက်ထိ မကြင်နာချင်
ပါတယ်ဆိုဦး....
ဒီလိုဒဏ်ရာကြီးနဲ့ဆိုတော့ လူကအလိုလို
ထိန်းကူမိသွားတယ်..."အမ်း.....ဒါကလျို့ဝှက်ချက်...''
"ထိုင်လိုက်လေ....''
ဆိုင်၏မဆိုင်၏တော့မသိ...
လက်မောင်းကနေထိန်းကိုင်လိုက်ရင်း
ဆက်တီပေါ်ထိုင်ခိုင်းလိုက်တယ်...တဖြည်းဖြည်းနဲ့ အနီစတို့စိမ့်ထွက်လာတဲ့
ဒဏ်ရာကြောင့် လူလည်းခြေမကိုင်မိ
လက်မကိုင်မိ....
သူခုနကတွန်းလိုက်တဲ့နေရာက
ဒဏ်ရာတည့်တည့်ဖြစ်နေတာမို့..."ခင်ဗျား အဆင်ပြေရဲ့လား.... ဆရာဝန်
ခေါ်ပေးရမလား..''"နေပါစေ...ရတယ်...''
ရှူံ့မဲ့နေတဲ့မျက်နှာက ခဏတုန်းက
လှောင်ပြောင်တာမျိုးမဟုတ်တော့...စိတ်ထဲကလည်း ဘူး ထချင်ဦးလေ လို့
တွေးနေမိတာအမှန်...
သူသတိမထားမိခင်မှာပဲ ကျေကျေနပ်နပ်ကြီးပြုံးလိုက်မိလေရဲ့..."Krist....နေပါဦး...ကိုယ်မင်းကြောင့်နာ
သွားရတာလေ...ဒါကိုမင်းကပျော်နေတယ်
ပေါ့လေ...''"ခင်ဗျားမနေတတ်တာလေ..ကိုယ့်မှာဒဏ်ရာကြီးနဲ့ကိုဆင်ခြင့်ပါ့လား..''
"ကိုယ်က စ လိုက်ရုံလေးပါကွာ...
တကယ်မလုပ်နိုင်ပါဘူး...''တစ်ယောက်ကဆိုဖာပေါ်ရှူံ့မဲ့လျက်
တစ်ယောက်ကတော့မတ်တတ်ရပ်ကာ
မျက်မှောင်ကြုံ့လျက်
BẠN ĐANG ĐỌC
Rebirth for Love
FanfictionRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...