ဆိုးဝါးလွတဲ့ ကံၾကမၼာ(ဆိုးဝါးလှတဲ့ကံကြမ္မာ)

1.9K 194 2
                                    


""""""""""""""

"ကိုယ်လိုက်ပို့ပေးပါရစေ...''

ကားတံခါးဖွင့်ပြီး ဇွတ်ပို့ပေးချင်နေသူကို
ပြတ်ပြတ်သားသားငြင်းသင့်မှန်းသိပေမယ့် သူအားနာနေပြီဖြစ်သည်

အိမ်မှာပဲအိပ်နေရင် အကောင်းသားလို့
လည်း တွေးနေမိသည်

"ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး Krist ရဲ့
ဒီအတိုင်းလိုက်ပို့ရုံပါပဲ...မင်းအိမ်ကိုပဲ
တန်းပို့ပေးပါ့မယ် ဘယ်ဆိုင်ကိုမှ အတင်း
မခေါ်ဘူး.... အဲ့လိုဆိုရင်ကော....''

"ဒါ နောက်ဆုံးပဲ...Khun Haunt
နောက်ဆုံးတစ်ခေါက်အနေနဲ့ ကျွန်တော်
လိုပ်ပို့ခွင့်ပေးလိုက်မယ်...''

ကြီးကျယ်နေတာမဟုတ်
ဒီလူကိုဘယ်လိုအခွင့်အရေး
ဘယ်လိုမျော်လင့်ချက်မျိုးမှမပေးချင်တာ
ဖြစ်သည်....

နိုင်ငံရေးသမားတစ်ယောက်မှာ သူမသိနိုင်
သည့်လှည့်ကွက်ပေါင်းများစွာရှိသည်...
ဘယ်အရာကိုဘယ်လိုပိုင်ဆိုင်အောင်
လုပ်ရမလဲဆိုတာ သူတို့လောက်နားလည်
ကျွမ်းကျင်သူမရှိ.....

Krist Perawat က ရိုးရိုးသာမန်
Company ဝန်ထမ်းလေးပဲဖြစ်သည်
ဒါတောင် အရင်မသေဆုံးခင်ကပဲဖြစ်သည်

ခုတော့ Gay club တစ်ခုရဲ့ စားပွဲထိုး
လေးပဲလေ....
ကိုယ့်ကိုကိုယ် အထင်ကြီးခြင်းမဟုတ်ပေ
မယ့် ဒီလူက သူ့ကိုအလွယ်တကူ
အလွတ်ပေးမည်မဟုတ်လို့ သူ့မသိစိတ်က
အာရုံရနေသည်လေ

ဒါကြောင့် ပိုသတိထားရမည်ပေါ့.....

"Krist ဒီအလုပ်ကိုဆက်လုပ်ဖို့ တကယ်
ဆန္ဒရှိသေးရဲ့လား....
ကိုယ်မင်းကိုခန့်မှန်းမိသလောက်တော့
ဒီအလုပ်ကိုမင်းသဘောကျတယ်လို့
ကိုယ်မထင်ဘူး...''

ကားကိုကျင်လည်စွာမောင်းနှင်နေရင်းက
စကားစလာသည်မို့ ယဉ်ကျေးမှုအရ
တော့ စကားပြန်ပြောရမည်ပင်...

"အလုပ်ဟူသမျှဂုဏ်ရှိစွ လို့်ပြောထား
တယ်လေ...သဘောမကျဘူးကျတယ်တွေမရှိပါဘူး...ကိုယ့်လုပ်အားနဲ့အညီ
ပိုက်ဆံရနေသရွေ့တော့ ကျွန်တော်ကျေနပ်တယ်..''

လမ်းတစ်လျှောက်ကိုသာကြည့်နေပြီး
သူ့ဘက်အကြည့်မလှည့်လာတဲ့
Krist ကို သူဘယ်လိုတောင်ကြွေသွားရ
သလဲဆိုတာ သူကိုယ်တိုင်ပင်မသိခဲ့..

Rebirth for LoveNơi câu chuyện tồn tại. Hãy khám phá bây giờ