"""""""""""""""""""""""
Krist ရဲ့စာမေးပွဲပြီးဆုံးသွားတဲ့အခါ
Singto ရဲ့စာမေးပွဲက ရောက်လာပြန်
တယ်....စာလုပ်တာလည်း မမြင်ရပဲ စာမေးပွဲကို
ပေါ့ပေါ့ပါးပါးပဲ သွားဖြေနိုင်တဲ့
Singto ကို Krist ကမနာလိုလေဘူး...ဒါပေမယ့် ဒီတလော Singto ရဲ့
မျက်နှာက သိပ်အဆင်ပြေပုံမရဘူး...Sing ရဲ့အမေက Krist ကို
လာတွေ့တဲ့အကြောင်းကြားပြီးတော့
အိမ်ပြန်သွားပြီး ပြန်လာကတည်းက
ပုံမှန်မဟုတ်သလိုပဲလို့ခံစားရတာက
Krist တစ်ယောက်ထဲတော့မဟုတ်ဘူး...ဒါပေမယ့်လည်း ဘာတွေဖြစ်ခဲ့တာလဲ
လို့တစ်ယောက်မှမမေးကြပြန်ဘူး...အရင်ကထက် Krist ရဲ့အနားပိုကပ်လာပြီး
လိုလေသေးမရှိဂရုစိုက်ခံနေရတဲ့
Krist က Gun နဲ့ Phi Off ရဲ့
မျက်မုန်းကျိုးစရာဖြစ်လာတယ်......အလိုလိုက်ခံရတာကို အရမ်းကိုဂုဏ်ယူ
နေတဲ့ပုံနဲ့ သူတို့ကိုချေမိုးနေလေတာကို....ဒါပေမယ့်
အဲ့ဒါက ဟန်ဆောင်မှုသက်သက်ပဲဆိုတာ
တော့ Krist တစ်ယောက်ပဲ
သိပါလိမ့်မယ်....ဒီရက်ပိုင်း သူ့ခံစားချက်တွေမကောင်းပေ
ဘူး......
Krist ကို မျက်လုံးဒေါက်ထောက်ကြည့်
နေပြီး ဘယ်သွားသွားလိုက်နေတဲ့
Phi ကြောင့် မကောင်းတာတစ်ခုခု
ဖြစ်လာတော့မယ်လို့ သူထင်နေမိတယ်...Phi က သူ့ကိုထားခဲ့တော့မလို့လား လို့
သူမကြာခဏတွေးမိတယ်...
တကယ်လို့ ထားသွားခဲ့ရင် သူဘာဆက်လုပ်ရမလဲ.....ဒီလပိုင်းထဲ သူ့ကိုမျော်လင့်ချက်တွေပေးပြီးမှ
ထပ်ပြီးထားခံရဦးမယ်ဆိုရင်
သူ.........ဒါပေမယ့် ဒါက သူ့အတွေးတွေပဲရှိပါသေး
တယ်....
Phi က သူ့ကိုထားသွားဖို့ဆိုတာ
မဖြစ်နိုင်ဘူးလို့တော့ သူထင်တာပါပဲ...Phi က သူ့ကိုဒီလောက်ဂရုစိုက်တာကို...
ချစ်တယ် လို့မပြောသေးပေမယ့်လည်း
Phi သူ့ကို ချစ်တယ်ဆိုတာ သူသိတယ်...ဘယ်လိုအကြောင်းတွေကြောင့်...
Phi က သူ့ကိုဖွင့်မပြောသေးတာလဲ
မသိပေမယ့်.....တကယ်တမ်းက Phi ပြောဖို့အချိန်တန်ပြီ
သူစောင့်ခဲ့ရတာ နှစ်တွေအများကြီး
ကြာနေခဲ့ပြီလေ...
![](https://img.wattpad.com/cover/204273936-288-k51054.jpg)
ВЫ ЧИТАЕТЕ
Rebirth for Love
ФанфикRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...