""""""""""""""""""""
ကြယ်တွေအပြည့်နဲ့ကောင်းကင်က
သူတို့ရှေ့မှာရှိနေတယ်...
သူကတော့ Phi ရဲ့ရင်ခွင်ထဲကျောမှီထား
လျက်နဲ့ပေါ့...Phi ကသူ့ပုခုံးပေါ်မေးတင်ထားရင်းနဲ့
သူ့လက်ချောင်းတွေကိုတစ်ချောင်းချင်းစီ
လိုက်ပွတ်သပ်နေတယ်..."Phi.....''
"ဗျာ......''
ခေါ်တဲ့သူကညင်ညင်သာသာခေါ်သလို
ထူးတဲ့သူကလည်းနူးနူးညံ့ညံ့လေးပဲ...
ဒီအခိုက်အတန့်လေးက စိတ်ညစ်စရာတွေကြုံခဲ့ရပြီးနောက်
ကြည်နူးစရာအခိုက်အတန့်လေးဖြစ်လာ
တာလေ...ဒါပေမယ့် Krist ဆက်ပြောမယ့်စကားက
ပျော်စရာအချိန်လေးကိုနှောက်ယှက်မိ
မလားမသိဘူး..." တကယ်တော့....ကျွန်တော် ဒီတစ်ပတ်
လုံး အိမ်မှာမဟုတ်ဘူး..''သိနေပြီးသားဖြစ်နေတဲ့ Sing အတွက်
သိပ်ပြီးအံ့ဩတာမျိုးမဖြစ်မိဘူး...
ဒါပေမယ့် ဒီတစ်ပတ်လုံး
Krist ဘယ်မှာရှိနေခဲ့တယ်ဆိုတာကိုလည်း
သူမသိချင်ဘူး...
သိပြီးရင်တောင်မေ့ပစ်လိုက်မယ်..."အဲ့ဒီတော့.....''
သိပ်ပြီးမထူးဆန်းသလိုနဲ့အရေးမစိုက်သလို စကားထောက်လာတဲ့ Sing ကြောင့်
Krist ကတော့ဘာဆက်ပြောရမလဲမသိ
ဖြစ်သွားရလေတယ်"ကျွန်တော်.......ကျွန်တော် ဘယ်သွားနေ
ခဲ့လဲမသိချင်ဘူးလား...''" ဘယ်မှာနေနေအရေးမကြီးပါဘူး...
ဘယ်ကိုသွားသွား ကိုယ့်ဆီပြန်လာဖို့ပဲ
အရေးကြီးတာ...''ဒီစကားက Krist ရဲ့ အမှန်အတိုင်းဝန်ခံ
မယ့်စကားကို ပိတ်ချလိုက်သလိုပဲ...
သူဒီရက်တွေအတွင်း Khun Huant
နဲ့ရှိနေခဲ့ပြီး လွန်လွန်ကျူးကျူးဘာမှ
မဖြစ်ခဲ့ဘူးဆိုတာ
သူပြောချင်နေတာလေ...Sing အတွက်တော့ နေ့ခင်းက တွေ့ခဲ့ရတဲ့
Krist ရဲ့ကိုယ်ပေါ်ကအနီကွက်အချို့ကို
ပြန်မြင်ယောင်မိသွားစေတယ်...Krist ဘယ်သူနဲ့ရှိပြီး ဘာတွေဖြစ်ခဲ့တယ်
ဆိုတာက သူ့ကိုနာကျင်စေတယ်ဆိုပေမယ့်
Krist သူ့အနားမရှိတော့မှာထက်စာရင်
ဘာမှမဟုတ်သေးဘူးKrist ကိုဆုံးရှူံးလိုက်ရတာထက်တော့
ဘယ်အရာကမှပိုမဆိုးနိုင်ပါဘူး...
![](https://img.wattpad.com/cover/204273936-288-k51054.jpg)
BINABASA MO ANG
Rebirth for Love
FanfictionRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...