"""""""""""""""""""""""
"Phi....ထဦး ဒါလေးစားလိုက်ဦး....''
ပြုတ်လာခဲ့တဲ့ ခေါက်ဆွဲ ချဉ်စပ်ပန်းကန်ကို ဘေးစားပွဲပေါ်တင်လိုက်ပြီးတော့
Phi ထနိုင်အောင်ကူညီပေးလိုက်တယ်..အားတင်းပြီးပြုံးထားတဲ့ Phi ရဲ့အပြုံးက
အားငယ်မှုတွေအပြည့်နဲ့..."Phi ခံတွင်းပြောင်းသွားအောင်လို့လေ..
ဆန်ပြုတ်မလုပ်ပဲနဲ့ ခေါက်ဆွဲပြုတ်လာတယ်...Phi စားကြည့်
ဦး...''စားပွဲအပုလေးကို Phi ရှေ့မှာချလိုက်ပြီး
ပန်းကန်ကိုစားပွဲပေါ်တင်လိုက်တယ်..
ပန်းကန်ပြားအလွတ်နဲ့တူတစ်စုံကို
ထပ်ချပေးလိုက်ပြီး ခေါက်ဆွဲဖတ်တွေအေးသွားအောင်
ပန်းကန်ပြားထဲအရင်ဆယ်ထည့်ထားလိုက်တယ်..."ကျေးဇူးပဲ...Krist....မင်းရှိနေလို့တော်သေးတယ်...''
လေသံဖျော့လေးနဲ့ ပြောလာတဲ့ Phi
ကိုသူဂရုဏာသက်စွာပဲကြည့်နေလိုက်
တယ်.....သူနဲ့Phi က ဘယ်လောက်တောင် တူညီ
လိုက်သလဲ...
သူတို့ရဲ့ ရွေးချယ်မှုတွေအတွက် အိမ်ကထွက်လာတာချင်းလည်းတူ...
ချစ်ရတဲ့သူရှိတာချင်းလည်းတူညီပြီး
ချစ်ရတဲ့သူက ထားသွားတာချင်းပါ
တူညီနေလေတော့
သူတော်ချင်းချင်း သတင်းလွေ့လွေ့
ပေါင်းဖက်တွေ့ကြသည်ပေါ့လေ....."ညနေ ကိုအိမ်ပြောင်းကြရအောင်
Krist....ထည့်စရာရှိတာတွေထည့်ထား
တော့...''ခေါက်ဆွဲပန်းကန်က တစ်ဝက်မကျိုးသေး
အစားရပ်လိုက်ပြီး သူ့ကိုပြောလာသည်"Phi နေကောင်းမှ ရွှေ့ကြရအောင်လေ....''
''Phi နေကောင်းပါတယ်....ဘာမှမဖြစ်တော့ပါဘူး...အားနည်းနေလို့ပါ....ညနေရွှေ့ကြရ
အောင်နော်.....''''Phi သဘောပဲလေ....ဒါဆို Phi နေလိုက်ဦး ကျွန်တော်အဝတ်တွေထည့်
လိုက်ဦးမယ်...''စားပွဲရော ပန်းကန်တွေပါ အကုန်သိမ်းလိုက်ပြီး အခန်းအပြင်ကို
ထွက်ခဲ့လိုက်တယ်....သူ့ဘဝကလည်း...တစ်နေရာမှာ
တစ်နှစ်ပြည့်အောင်တောင် မနေရတဲ့
အခြေအနေပါလား....ဒီအိမ်ကို သူရောက်လာခဲ့တာ ခြောက်လရှိပြီ...
စိုက်ပျိုးရေးခြံကထွက်လာခဲ့ပြီး
ကျောင်းဆက်တက်ရင်းနဲ့ အချိန်ပိုင်းအလုပ်ရှာရာမှာ Phi နဲ့တွေ့ခဲ့ကြခြင်းဖြစ်တယ်....
![](https://img.wattpad.com/cover/204273936-288-k51054.jpg)
VOCÊ ESTÁ LENDO
Rebirth for Love
FanficRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...