"""""""""""""""""""""""မေမေ....မီးမီးအိပ်ချင်ပြီ...''
"ဟုတ်လား....ခဏလေးနော် သမီး...မေမေပြီးတော့မှာ...''
သူ့ကိုပြင်ဆင်ပေးနေတဲ့ Makeup stylist နဲ့ သူမရဲ့ချစ်စရာကလေးငယ်လေး...
တကယ်တော့ ခုလိုမိတ်ကပ်တွေလိမ်းနေရတာကိုသူနားမလည်သေးပေ..
သူ့အတွက်ပြင်ဆင်ပေးထားတဲ့ဝတ်စုံကိုလည်းကြည့်လိုက်ဦး...နှင်းလိုဖြူဆွတ်နေတာ ဝတ်ရက်စရာတောင်မရှိ
ဖိနပ်ကရော....လုံးဝကိုအဖြူရောင်
မွေးနေ့ပွဲလုပ်မယ့်မြက်ခင်းနဲ့တော့
ဖိနပ်ကိုပေမသွားအောင်ဘယ်လိုစီးရမှာပါလိမ့်..."ရှင့် ချစ်သူက ဒီပွဲအပြင်အဆင်အတွက် ကျွန်မတို့ကိုလာငှါးတော့ ကျွန်မရယ်မိသေးတယ် သိလား..''
သူ့ထက်တောင်ငယ်မယ့်ပုံရတဲ့
မိန်းကလေးက ရုတ်တရက်ကြီး ပြောလာတော့ သူဘာပြောရမလဲမသိ..." ယောက်ျားနှစ်ယောက် ချစ်ကြတယ်ဆိုတာက ဘယ်လောက်ထိခိုင်မြဲမှာမို့လို့ လူကြားသူကြားထုတ်ပြချင်ရတာပါလိမ့်လို့...ဟဟ...''
"လှောင်ရယ်သံစွက်တဲ့စကားတွေကို သူစိတ်မဆိုးမိ
"အင်း....အဲ့လိုထင်တဲ့လူတွေကအများကြီးပါပဲ...ဒါပေမယ့် လူတွေရဲ့အမြင်ကဂရုစိုက်စရာမှမလိုပဲ...
ကျွန်တော်တို့နှစ်ယောက်လုံးရဲ့အချစ်ကိုကျွန်တော်တို့သေချာမြင်ဖို့ပဲလိုတာပါ..''မယုတ်မလွန်သောစကားကိုသာ
သူတုံ့ပြန်ဖြစ်သည်..
ဘယ်သူကမှ သူတို့အချစ်ကို
အသိအမှတ်မပြုလည်း သူတို့ကတော့ ချစ်နေမှာပဲလေ..."ကျွန်မသမီးလေး ချစ်စရာကောင်းတယ်မဟုတ်လား..''
သူ့စကားနဲ့မဆက်စပ်တဲ့မေးခွန်းတစ်ခု..
အမေတစ်ယောက်ရဲ့သူ့သမီးကိုကြည့်နေပုံက ချစ်ခြင်းမေတ္တာတွေ နဲ့ပြည့်နှက်လွမ်းခြုံထားတယ်..."အင်း...အရမ်းချစ်စရာကောင်းတယ်... ''
တကယ်လည်းချစ်စရာလေးမို့
ကလေးငယ်ကိုပြုံးကြည့်ရင်းသာသူဖြေဖြစ်သည်" သူ့အဖေနဲ့ကျွန်မနဲ့က မိဘတွေသဘောမတူတဲ့ကြားကလက်ထပ်ခဲ့ကြတာလေ..အရမ်းကိုချစ်ခဲ့ကြတာ...ဟဟ..အခုကျအဲ့အချစ်တွေကဘယ်ရောက်သွားလဲတောင်မသိတော့ဘူး.....ရယ်စရာမကောင်းဘူးလား...''

BẠN ĐANG ĐỌC
Rebirth for Love
FanfictionRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...