""""""""""""""""""""""
"ဟွန့်.....''
သူ့ကိုအားရပါးရမျက်စောင်းထိုးပြီး
သကာလ Krist ရှိရာအခန်းထဲဝင်သွားတဲ့
Gun ကို သူမျက်နှာငယ်လေးနဲ့ပဲ
ကြည့်နေနိုင်ခဲ့တယ်....လက်ထဲက သူကိုယ်တိုင်ချက်လာခဲ့တဲ့
ကြက်ပေါင်းရည်ချိုင့်ကို
ထမင်းစားပွဲပေါ်ချလိုက်ပြီး
သက်ပြင်းကြိတ်ချမိတော့တယ်...Phi Off ရဲ့အိမ်ကို Krist ရောက်နေတာ
သုံးရက်ရှိခဲ့ပြီ....အဖြစ်မှန်ကိုသိသွားပြီးကြတဲ့အခါ
Gun ရော Phi Off ပါ သူ့အိမ်မှာ
Krist ကိုဆက်ထားဖို့
စိတ်မချကြတော့ဘူး....သူဘယ်လိုပဲတောင်းပန်တောင်းပန်
မရမက နဲ့ Krist ကိုခေါ်သွားကြတော့တာ...ကိုယ့်အပြစ်နဲ့ကိုယ်မို့ သူလည်း
ဘာမှမတတ်နိုင်လေဘူး....
မထည့်ချင်ထည့်ချင်နဲ့ပဲ ထည့်လိုက်ရ
တော့တယ်....ဒါပေမယ့် နေ့တိုင်း လာကြည့်ခွင့်ရနေသေး
ကိုပဲ ကြံဖန်ကျေးဇူးတင်ရသေး...Gun ရဲ့မကျေမနပ်ကြည့်ကိုတော့
နေ့တိုင်းခံရဆဲပေါ့လေ...
Phi Off ကတော့ ဖြစ်စကလောက်
သိပ်စိတ်မဆိုးတော့ဘူး....
ဖြစ်တတ်တဲ့သဘာဝကိုသူလည်း
သိနေတာမို့ပဲဖြစ်မယ်..."Phi.......''
"ဟင်......''
စားပွဲပေါ်လက်နှစ်ဖက်ထောက်ပြီးတော့
အတွေးလွနိနေပုံရတဲ့
Phi ....Gun က မင်းလူကြီးရောက်နေတယ်လို့
ပြောလာတာနဲ့ Krist လည်း
ထွက်လာခဲ့တာဖြစ်သည်" ကိုယ် ကြက်ပေါင်းရည်ချက်လာတယ်..
ခုစားမလား ကိုယ်ပြင်လိုက်မယ်လေ...''Krist လည်းအသာခေါင်းညိတ်ပြလိုက်တော့တယ်....
တကယ်တော့ အဲ့လူမမာစာမျိုး
သူစားရန်မလိုတော့...
အဖျားလည်းပျောက်ပြီမို့ ပုံမှန်ပဲစားလို့
ရနေပြီ ဒါပေမယ့်
Phi ကလာပို့တာမို့ မစားချင်လည်း
စားရမှာပဲပေါ့လေ..." ငရုတ်ကောင်းနည်းနည်းခတ်လာတယ်.
သိပ်တော့မစပ်ပါဘူး...
စားနိုင်တယ်မလား...''ချိုင့် နဲ့ပန်းကန်ကိုလှယ်ထည့်ပြီး
Krist ရှေ့ပို့ပေးရင်းမေးလာတယ်...
![](https://img.wattpad.com/cover/204273936-288-k51054.jpg)
ESTÁS LEYENDO
Rebirth for Love
FanficRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...