အသိဟောင်း(အသိဟောင်း)

1.3K 140 3
                                    


"""""""""""""""""""""

" ဘာလို့နောက်ကျနေတာလဲ...''

ဧည့်ခန်းမှာမိန့်မိန့်ကြီးထိုင်နေပြီး
သူဝင်လာတာနဲ့ပြေးလာပြောတဲ့စကား...

" ညီလေးကိုလိုက်ပို့နေလို့ပါ....''

"ပြန်လာပြီလား Ai Kit...''

မီးဖိုခန်းထဲကထွက်လာတဲ့ Gun က
Sing ကိုစွေကြည့်ပြီးမှ Kit ကို
သူ့နဲ့နီးအောင်ဆွဲခေါ်လိုက်တယ်...

" ငါ မင်းကြိုက်တဲ့ ကြက်ပင်စိမ်းစပ်စပ်လေးချက်ထားတယ်..
ရေအရင်သွားချိုးလိုက်....သွား....
ပြီးရင်ထမင်းစားရအောင်...''

သူ့ကိုမတည့်ကြည့်နဲ့ကြည့်ပြီး
Krist ကိုအတင်းတွန်းလွှတ်နေပုံက
သူတို့စကားပြောမှာကိုမလိုလားပုံနဲ့...

ဒါပေမယ့်လည်း Sing ဘာမှမတတ်နိုင်ဘူး...
သူလုပ်မိတဲ့အမှားအတွက် သူပြန်ခံစားရ
တာက သေးသေးလေးပဲရှိသေးတာလေ..

" ကိုယ်အိမ်ပြန်လိုက်ဦးမယ်...ခဏနေမှ
ပြန်လာခဲ့မယ်နော်...''

သူ့ကိုလှမ်းပြောပြီး ပြန်သွားတဲ့ Phi ကို
Krist လည်းကြည့်နေရုံပဲတတ်နိုင်တယ်..

Gun ကစိတ်ဆိုးနေသေးတာမို့
ထမင်းစားသွားပါလား လို့တောင်
မခေါ်ရဲလိုက်ဘူး...

ကြက်ဥကိုအမျိုးမျိုးလုပ်စားတတ်တာက
လွဲရင် ဘာဟင်းမှမချက်တတ်တဲ့ Phi
ထမင်းစားရတာအဆင်ပြေပါ့မလား...
အခါတိုင်းက ညစာဆို Krist ကပဲ
ချက်ကျွေးနေတာမို့ ဟင်းအစုံစားရသေး
သည်...

အခုတော့ မနက်ကြက်ဥ ညကြက်ဥ
ုဖြစ်နေတော့မှာသေချာသလောက်....

" ရေသွားချိုးပါဆိုမှ...ဘာလုပ်နေတာလဲ ''

အသံစူးစူးနဲ့အော်လိုက်ပုံများ
နူတ်ခမ်းကရှေ့ကိုတစ်လံလောက်နဲ့...

" အင်းပါ...သွားတော့မှာပါ....''

Krist လည်းအချိုးပြေပြေပုံလေးဖမ်းပြီး
သူ့အခန်းထဲဝင်ပြေးလိုက်ရတယ်...

Gun ကတော့ ပြန်သွားတဲ့ Phi Sing နဲ့
သံယောဇဉ်အမြင်မပြတ်အောင်
နောက်ကနေငေးနေသေးတဲ့
Ai Kit ကို
စိတ်ထဲကခဏခဏကျိန်ဆဲနေမိပြီးပြီ...

Rebirth for LoveNơi câu chuyện tồn tại. Hãy khám phá bây giờ