"""""""""""""
"Krist....တော်တော့...''
သူ့ကျောပြင်ဆီဖက်တွယ်နေတဲ့
Krist ရဲ့လက်တွေကိုဖယ်ခွာလိုက်ပြီး
ထပ်မလှုပ်နိုင်အောင်ချုပ်ကိုင်ထား
လိုက်တယ်...အရက်ရှိန် ကြောင့်လား...စိတ်ဆန္ဒကြောင့်
ပင်လား...
ရီဝေလှိုက်မောစွာကြည့်နေတဲ့ Krist
ရဲ့အကြည့်ကိုလွဲရှောင်မိရင်းပေါ့...လွတ်ထွက်သွားတဲ့သူ့စိတ်တွေကို
ထိန်းချုပ်ထားရတာက မလွယ်ကူဘူး...Krist ကတော့ ခွာသွားတဲ့ Phi ရဲ့
နူတ်ခမ်းကိုလိုက်နမ်းဖို့ကြိုးစားနေမိတုန်းပဲ..."Krist....Krist....တော်တော့...
ရှေ့ဆက်ရင်ကိုယ်တို့နောင်တရရလိမ့်မယ်..''မူးနေတဲ့သူကိုအခွင့်အရေးယူလိုက်မိရင်
အရင်တစ်ခေါက်လိုနောင်တမရနိုင်ပါဘူး
လို့သူမပြောနိုင်ဘူးလေ..."ဟင့်အင်း...နောင်တမရဘူး...''
!! Phi ရှေ့မဆက်ရင်သာ ကျွန်တော်
နောင်တရရမှာပါ Phi...!!ထုတ်ပြောမပြနိုင်တဲ့စကားလုံးတွေအစား
Phi ကို ပိုင်ဆိုင်ရဖို့ပဲကြိုးစားမိတာက
Krist တတ်နိုင်တဲ့အတိုင်းအတာပဲ...Phi ချုပ်ကိုင်ထားတဲ့လက်တွေကိုရုန်း
ထွက်ဖို့ကြိုးစားတော့..."Krist....ကလေးမူးနေလို့ဒီလိုဖြစ်နေတာ
မနက်ရောက်ရင် ဒီကိစ္စအတွက်
ကိုယ်တို့စိတ်မကောင်းဖြစ်နေရမှာ...
ကိုယ်အဲ့လိုထပ်မဖြစ်ချင်ဘူး...''"ဟင့်အင်း...ကျွန်တော်မမူးဘူး...''
အရင်တစ်ခေါက်က အတင်းလုပ်မိတဲ့
ကိစ္စအတွက်နဲ့ ခုထိ ပြန်တွေးတိုင်း
နောင်တရနေတဲ့ Sing နဲ့
ချစ်သူကို အဦးဆုံးပေးအပ်ချင်မိတဲ့
Krist..."ကိုယ်တို့ဆက်မလုပ်တာပိုကောင်းတယ်
......ကိုယ်တို့မှာအချိန်တွေရှိနေသေးတာပဲ..ဒီအချိန်တော့မဟုတ်သေးဘူး..
ကိုယ်တို့ဒီကိစ္စအတွက်သေချာပြင်ဆင်
သင့်တယ်...''ကောင်းမွန်တဲ့အကြောင်းပြချက်တွေ
ဟုတ်ရဲ့လား Sing မစဉ်းစားနိုင်တော့ဘူး..သူ့စကားအဆုံးမှာငြိမ်ကျသွားတဲ့
Krist ကိုသာ မသက်မသာကြည့်နေမိတာ...
ဒီစကားတွေပြောနေပေမယ့်
သူ့ခန္ဓာကိုယ်တစ်နေရာက ပုံမှန်မဟုတ်သေး...
![](https://img.wattpad.com/cover/204273936-288-k51054.jpg)
KAMU SEDANG MEMBACA
Rebirth for Love
Fiksi PenggemarRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...