ချစ်ခြင်းနဲ့ထပ်တူ(ချစ်ခြင်းနဲ့ထပ်တူ)

1.3K 149 21
                                    

"""""""""""""""""""""""

အခင်းအကျင်းကိုစိတ်တိုင်းကျလှည့်ပတ်ကြည့်ရှုအပြီးမှာတော့ ကျေနပ်စွာ
လက်ခုပ်တစ်ချက်တီးမိတယ်

တစ်နေ့နည်းနည်းတစ်နေ့နည်းနည်းနဲ့
စိတ်ကူးသစ်တွေပေါ်လာတိုင်း
ဖြည့်စွက်လိုက်ပြင်ဆင်လိုက်နဲ့..

အချိန်အကြာကြီးမျော်လင့်ခဲ့ရတဲ့
ကာလလေးမကြာခင်ရောက်လာတော့မယ်

အံ့သြ ထိတ်လန့်သွားမယ့်ပုံလေးကို
ကြိုတင်စိတ်ကူးထဲပုံဖော်မိပြန်တယ်

မျက်လုံးဝိုင်းလေးတွေကနဂိုထက်
ပိုဝိုင်းနေမယ်..
နူတ်ခမ်းပါးတွေက O ပုံစံဖြစ်လာလေမလား...
အတွေးနဲ့တင်အသည်းယားစရာ
ဖြစ်နေတယ်...

နောက်ဆုံးတစ်ခေါက် အစီစဉ်တကျ
ဖြစ်ဖို့စစ်ဆေးအပြီးမှာတော့
Gun ဆီဖုန်းဆက်လိုက်တယ်
စိတ်ဆိုးမပြေသေးတဲ့ Gun ကန့်ကွက်မှာ
ကိုစိတ်ပူမိသေးသော်လည်း
သူ့စိတ်ပူမှုက အချည်းနှီးဖြစ်သွားရတယ်

အရင်ထဲကမလုပ်ရကောင်းလားလို့
ဆူပူမှုအချို့ကိုပဲပြန်ရတာမို့
စိတ်သက်သာရာရသွားရတယ်...

အစားအသောက် တွေအဆင်သင့်ဖြစ်နေဖို့
ထပ်မံပြောလိုက်ပြီး Krist ကိုကြိုဖို့
သွားလိုက်တော့တယ်

အရင်လို company ရှေ့ထိသွားမကြိုရပဲ
ဘတ်စ်ကားမှတ်တိုင်မှာသာ စောင့်ကြို
ဖို့မှာထားတာမို့
သူရောက်သွားတော့ Krist ကရောက်နှင့်
နေပေပြီ...

သူ့ကားထိုးရပ်တာကိုပင်မသိပဲ
သူ့ခြေဦးထိပ်နဲ့သူသာငုံ့ကြည့်နေလေတယ်...
မှိုင်းတိုင်းတိုင်းမျက်နှာလေးနဲ့
အလုပ်ပင်ပန်းလာပုံပါပဲ...

"Krist....ဘာတွေတွေးနေတာလဲ... ''

ရှေ့တည့်တည့်မှာရပ်ပြီးမေးလိုက်မှ
သူရောက်နေကြောင်းသိလာတဲ့
Krist က ထရပ်တယ်...

"Phi....''

"ဘာတွေစဉ်းစားနေတာမို့ ကိုယ်ရောက်လာတာမသိရတာလဲ...''

"ဒီလိုပါပဲ....သွားစို့လေ..''

မတင်မကျအဖြေပေမယ့် Sing ထပ်မမေး
တော့ဘူး
Krist ကားထဲဝင်ဖို့ကားတံခါးသာ
ဖွင့်ပေးလိုက်တယ်
Krist ကားထဲရောက်သွားမှ
တံခါးကိုအသာပိတ်ပြီး တဖက်ကဝင်ထိုင်
လိုက်တယ်...

Rebirth for LoveWhere stories live. Discover now