"""""""""""""""""""""
နောင်တရနေတဲ့မျက်လုံးများနဲ့
သူ့က်ုကြည့်နေသူတစ်ယောက်....!! ယုတ်မာတဲ့ကောင်!!
လက်သီးကိုအားကုန်လွဲပြီး
မျက်နှာတည့်တည့်ကို အချက်ပေါင်းများစွာဆက်တိုက်ထိုးလိုက်တယ်...အစိတ်စိတ်အမြွှာမြွာ ကွဲအက်ကျလာတဲ့
မှန်နဲ့ လက်ကနာကျင်မှုက
သူ့အပြစ်တွေကိုကြေအေးစေမှာမဟုတ်ဘူး....သူလုပ်ခဲ့တာက.......
အရမ်းကို ယုတ်မာပက်စက်လွန်းလို့...
သူက Krist ကိုချစ်ပါတယ်လို့ပြောဖို့
တောင် မထိုက်တန်တော့ဘူး....သူကြိုးစားခဲ့သမျှက
အရက်ကြောင့်ဖြစ်လာတဲ့
သွေးသားဆန္ဒလေးတစ်ခုအတွက်
သူ့ရှေ့ကမှန်လိုပဲ ပြန်ပြီးအဖတ်ဆယ်လို့
မရတော့ဘူး.....ရုန်းကန်နေတဲ့လက်တွေကို
မသိချင်ယောင်ဆောင်ခဲ့မိတယ်...
ငိုကြွေးနေတာကို လျစ်လျူရှု မိခဲ့တယ်...
တောင်းပန်စကားတွေကို
မကြားသလို ဥပေက္ခာပြုခဲ့မိတယ်....သူက လူ ဟုတ်သေးရဲ့လား.....
လူ လို့ခေါ်ဆိုနိုင်သေးရဲ့လား.....ဘယ်လောက်တောင် နာကျင်နေခဲ့မလဲ...
ဘယ်လောက်တောင်
ကြောက်လန့်နေခဲ့မလဲ...သူ့ကို.....သူ့ကိုရော....
မုန်းသွားလေတော့မလား....သူကတကယ်ကိုမုန်းသင့်နာကြည့း်သင့်
တဲ့ကောင်ဆိုပေမယ့်လည်း.....
အတ္တကြီးကြီးနဲ့ မမုန်းဖို့ဆုတောင်းမိတယ်...ဒါပေမယ့်.....
မျက်နှာချင်းဆိုင်ဖို့တောင် သူမဝံ့ရဲတော့ဘူး...ရေချိုးခန်းထဲကထွက်ပြီး
အဝတ်ဗီရိုထဲက အပေါ်ဝတ်ကုတ်တစ်ထည်ကို
ဆွဲယူလိုက်တယ်....Krist သူ့အခန်းထဲကထွက်မလာခင်
သူထွက်သွားရမယ်...ဒါပေမယ့် ......
ရှောင်ပုန်းမယ်ကြံမှ တည့်တည့်တွေ့တာမျိုး....
အလုပ်သွားမယ့်ပုံစံနဲ့ ဧည့်ခန်းမှာ
ရပ်နေတဲ့ ကောင်လေး...
သူ့အခန်းဘက်ကိုကြည့်နေပုံနဲ့
သူထွက်လာတဲ့အခါ
မျက်နှာချင်းဆုံလျက်သား......မျက်ခွံမို့မို့လေးတွေက သူပေးမိတဲ့
ငိုကြွေးခြင်းတွေ....
ပေါက်ပြဲနေတဲ့ နူတ်ခမ်းလေးက
သူပေးမိတဲ့ဒဏ်ရာတွေ....
YOU ARE READING
Rebirth for Love
FanfictionRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...