2.1K 185 21
"""""""""""""
ကျွန်တော့ နာမည် က
Singto Prachaya Ruangroj....
တစ်ဦးတည်းသော သားဖြစ်ပြီး
အလုပ်များတဲ့ဖေဖေ့ထက်
ရင်းနှီးနွေးထွေးတဲ့မေမေကသာ
ကျွန်တော့ကိုးကွယ်ရာပါ...
မေမေ ဆုံးသွားပြီးတဲ့နောက်
ထပ်ရလာခဲ့တဲ့မေမေ့ကိုလည်း
ကျွန်တော့မေမေနည်းတူချစ်ခဲ့ပါတယ်....
မေမေကသာမလုပ်နဲ့ဆိုရင်
ခြေတစ်လှမ်းတောင်မကြွတဲ့သားလိမ္မာ
လေးအဖြစ် ကျွန်တော်ရှိနေခဲ့ပါတယ်..
ထိုကောင်လေး.....
ထိုကောင်လေးကိုမတွေ့ခင်အထိ
ကျွန်တော်ဟာ ရိုးသားလိမ်မာတဲ့ လူတစ်
ယောက်ပါပဲ...
ဖေဖေနဲ့မေမေကလွဲပြီး
ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့နှလုံးသားက
အဲ့မအူမလည်ကောင်လေးကြောင့်
သေလုပက်ကျင်းယမ်းခါခဲ့ရပါသည်ဆိုလျင်....
အမြဲလို ရောက်လာတတ်တဲ့
Americano coffee တစ်ခွက်နဲ့
ပြာပြာသလဲခရီးဦးကြိုပြုတတ်တဲ့
အမူအရာလေးတွေက ကျွန်တော့ကို
လျှို့ဝှက်ချက်တစ်ခုနဲ့လူတစ်ယောက်ဖြစ်
လာစေခဲ့ပါတယ်....
ကျွန်တော့ရဲ့လှုပ်ရှားမှုမှန်သမျှကို
လူလွတ်စောင့်ကြည့်ခိုင်းတတ်တဲ့မေမေ့
ကြောင့် ကျွန်တော်တစ်ကိုယ်ကောင်းဆန်
ခဲ့ဖူးတယ်..
မေမေစိတ်ပျက်ရတဲ့သားမဖြစ်ချင်တဲ့စိတ်
ကြောင့်ပဲ တစ်စုံတစ်ယောက်ကို
နာကျင်စေခဲ့ဖူးတယ်...
အဆုံးသတ်မှာတော့
သူက ကျွန်တော့ကိုမေ့သွားပြီး
ကျွန်တော်လည်းသူ့ကိုမေ့သွားနိုင်လိမ့်မယ်လို့ထင်ခဲ့ဖူးတယ်....
ဘယ်သူသိမှာလဲ...
ကျွန်တော် America မှာကျောင်းတက်ပြီးပြန်လာခဲ့တဲ့အထိ
ဖေဖေ့ company မှာအလုပ်ဝင်တဲ့ထိ
သူစောင့်နေခဲ့မယ်လို့....
ကျွန်တော့ရဲ့အတွင်းရေးမှူးနေရာကို
အလုပ်လာလျှောက်တဲ့ တစ်ယောက်ထဲ
သော ယောက်ျားလေး.....
ပညာအရည်အချင်းက ဘွဲ့တစ်ခုရရုံ
အလုပ်အတွေ့အကြုံဟုတ်တိပတ်တိမရှိ...
သူ့ကိုပြန်တွေ့တဲ့ခဏမှာ ကျွန်တော်ပဲရူး
သွားလေသလား
သူ့ထက်အစစအရာရာသာလွန်တဲ့
အလုပ်လာလျှောက်သူတွေကိုငြင်းပယ်ပြီး
သူ့ကိုပဲရွေးခဲ့သတဲ့...
Rebirth for LoveNơi câu chuyện tồn tại. Hãy khám phá bây giờ