Part-9

6.5K 343 12
                                        

Unicode

ဥာဏ် မျက်လုံးဖွင့်လိုက်ချိန် ဘေးမှာ ရတုမရှိ။အပြင်ထွက်ကြည့်တော့လည်း မတွေ့။ဘယ်သွားနေလဲ မသိဘူး~~

မျက်စိရှေ့က မှောင်နေပြီဖြစ်တဲ့ ကောင်းကင်ရယ် လှိုင်းသံ တစ်၀ုန်း၀ုန်းရယ် လိုက်ဖက်လိုက်တာ.....။ဟိုတစ်စ ဒီတစ်စ ပစ်လွှတ်နေတဲ့ မီးရှုးမီးပန်းတွေကလည်း ကြည့်လို့အလွန်ကောင်းသည်။

"အေးတယ်လေ။ဘာလို့ အပြင်ထွက်နေတာလဲ"
ပြေးထားပုံရတဲ့ ရတုက ဟောဟဲစိုက်နေရင်းမှ ဥာဏ့်ကို လှမ်းဆူသည်။

"မင်းကိုမတွေ့လို့"

"ကားထဲပြန်၀င်"
ရတုက ပြောရင်း ကားထဲပြန်၀င်ထိုင်နေပြီမို့ ဥာဏ်ဘာမှပြန်ပြောမနေတော့ဘဲ ကားထဲသာပြန်၀င်ထိုင်လိုက်သည်။

"ရော့ မင်းနေ့လည်စာဘဲစားရသေးတာဆိုတော့ ဗိုက်ဆာနေမှာစိုးလို့ ငါသွား၀ယ်လာတာ။စားပြီးမှ သောင်ပြင်မှာသွားထိုင်ကြမယ်"

"Wow အစီအစဥ်ကျလှချည်လား ရတု"

"အင်း ငါက အစီအစဥ်တကျဘဲ လုပ်တတ်တယ်"

ရတု ၀ယ်လာတဲ့ မုန့်နဲ့အချိုရည်ကို တမြုံ့မြုံ့နဲ့စားနေတဲ့ ဥာဏ်က ရှဥ့်ကလေးနဲ့ တူနေသည်။

"စားပြီးပြီ သွားရအောင်"

"အင်း"

သောင်ပြင်မှာ လူက သိပ်တော့မများ။မီးရှုးမီးပန်းတွေဖေါက်ရင်း ပျော်နေတဲ့ မိသားစုတွေကို ကြည့်ရင်း ဥာဏ်ပြုံးမိသည်။သူတို့၂ယောက်လည်း ငယ်ငယ်က မိသားစုနဲ့ ဒီလိုလာဖူးတဲ့အချိန်ကို သတိရမိသောကြောင့်။

ဝေါခနဲ တိုက်ခတ်လာတဲ့ ပင်လယ်လေရဲ့ အေးစက်မှုကြောင့် ဥာဏ်ပုခုံးကျုံ့ထားမိသည်။

"ချမ်းနေပြီမဟုတ်လား"
ရတု ခပ်ပြတ်ပြတ်မေးလိုက်လေတော့...

"အင်း နည်းနည်း"
ရတု ၀တ်ထားတဲ့ အနွေးထည်အထူကြီးကို ချွတ်ကာ ဥာဏ့်ကိုကမ်းပေးလိုက်သည်...

"ရော့ ခြုံထား"
ဥာဏ်လည်း ငြင်းမနေတော့ဘဲ ရတုပေးလာတဲ့ အနွေးထည်ကို ယူကာ ခြုံထားလိုက်သည်။

"မီးပန်းဖောက်မယ်လေ ရော့"

"ဘယ်တုန်းက ၀ယ်လိုက်တာလဲ"

မာနဖြင့် ထုဆစ်သောWhere stories live. Discover now