Part-13

6.3K 319 21
                                    

Unicode

အချိန်က သိပ်မြန်တယ်။ကျောင်းပိတ်တဲ့၂လက ဖင်လှည့်ခေါင်းလှည့်နဲ့ ကုန်သွားချေပြီ။မြန်မာပြန်နေတဲ့ အမိကလည်း ပြန်ရောက်လာပြီး အိမ်ကို ချောင်းပေါက်မတတ် ၀င်ထွက်လို့နေသည်။

ရတုတို့၂ယောက် တွဲနေတာကို သွယ့်ကို ထုတ်မပြောရသေးတာကလွဲရင် Davidတစ်ယောက် မူးပြီး အိမ်ကိုရောက်ရောက်လာတာကလွဲရင် အရာအားလုံးက နေသားတကျဘဲ။ရတု ကျောင်းမှာနေရင် ဥာဏ့်ကို လုံး၀သွားမတွေ့။ကျောင်းသွားရင် တူတူသွားတယ်။ပြန်ရင်တော့ ပြီးတဲ့အချိန်ချင်းတူရင် ပြန်ဖြစ်တယ် မတူရင်တော့ တစ်ယောက်တစ်ကွဲစီသာ ပြန်တယ်။

ဒီsemesterက အလုပ်များသည်။Fieldဆင်းစရာတွေလည်း ရှိတော့ ၂ယောက်သား အိမ်မှာဘဲ ကြင်ကြင်နာနာရှိနိုင်သည်။ဒါတောင် စာလုပ်စရာတွေရှိရင် မကြင်နာအား။တက်နေတဲ့ကျောင်းက Australiaရဲ့Top1ကျောင်းမို့ ချောင်ချောင်ချိချိနေရတယ်ကို မရှိ။စာနဲ့သာ နှစ်ပါးသွားနေရသည်...

ဒီနေ့ဆို ကျောင်းပြန်ဖွင့်တာ ၁လရှိပြီ။ဥာဏ်က assignmentအတွက် ရှာစရာရှိ၍ စာကြည့်တိုက်၀င်ရန်ရှိသည် ပြန်နှင့်ဟုဆိုသောကြောင့် ရတုအိမ်ကို အရင်ပြန်ရောက်နေပြီဖြစ်သည်။နာရီကြည့်တော့ ၇နာရီ...အေးကအေးနဲ့ အခုထိ ဥာဏ်တစ်ယောက် ပြန်မလာသေးတာမို့ စာကြည့်တိုက်သို့ လိုက်သွားရန်ဆုံးဖြတ်ပြီး ထွက်လာခဲ့လိုက်တော့သည်။

မြူနည်းနည်းဆိုင်းကာ အေးစက်မှုက နှာခေါင်းမှထွက်သော လေတောင် အငွေ့အဖြစ် မြင်နေရသည်အထိ။ခပ်သုတ်သုတ်လျောက်လာလိုက်တော့ ဦးတည်ရာဖြစ်သော စာကြည့်တိုက်သို့ရောက်ရှိ၏။စာကြည့်တိုက်ထဲ ၀င်မလို့ ခြေလှမ်းတုန်းရှိသေး အိတ်ထဲက ဖုန်းက တစ်ချက်တုန်ခါလာသည်မို့ မ၀င်သေးဘဲ ဖုန်းကို အရင်စစ်လိုက်တော့

<ရတု ငါအိမ်ပြန်လာပြီနော်>ဟူသော message...
သည်လိုနဲ့ဘဲ အိမ်ကို ​အမြန်ဆုံးနှုန်းနဲ့ ပြန်လျောက်ရပါတော့သည်။ဘယ်နားမှာ ဘယ်လိုလွဲသွားလဲ မသိဘူး....

ရတု အိမ်ပြန်ရောက်၍ ဖိနပ်ချွတ်နေတုန်းရှိသေးသည် အထဲကနေ အတိအကျပြောရရင် ထမင်းစားပွဲရှိရာဘက်ကနေ ထွက်ပေါ်လာတဲ့ အသံတစ်ချို့...

မာနဖြင့် ထုဆစ်သောWhere stories live. Discover now