Part-25

6.7K 321 22
                                    

Unicode

"ဒါဘာတွေလဲ သွယ်"
စားပွဲပေါ် ပြန့်ကျဲသွားတဲ့ ဓာတ်ပုံတွေ။ခန့်မှန်းခြေ ပုံ၂၀နီးပါးရှိသည်။တစ်ပုံစီမှာ မတူတဲ့ ယောက်ျားတစ်ယောက်စီနဲ့ ဖက်လားနမ်းလား လုပ်နေတဲ့သွယ်...

"မောင်!!"
ထိတ်လန့်နေတဲ့ မျက်၀န်းတွေကို ကြည့်ရင်း တောက်ခေါက်သံပြင်းပြင်းကို ဥာဏ် ဖန်တီးမိသည်။

"ဒီကောင်တွေနဲ့ ပျော်နေမယ့်အတူတူတော့ လွတ်လွတ်လပ်လပ်ပျော်ပေါ့။ ဘာလို့ငါ့ကို စေ့စပ်ထားသေးလဲ"
ဥာဏ့်အသံက ကျယ်လို့လာသည်မို့ မီးဖိုခန်းထဲက မေမေက ပြန်ထွက်လာသည်။

"မေမေ ဖယ်နေပေးပါ။သားတို့ ကိစ္စကို အချင်းချင်းဘဲ ရှင်းချင်တယ်"

"ဘာဖြစ်လို့လဲ မေမေ့ကိုလဲ ပြောကြပါဦး။နောက်ခဏသွားလိုက်တာ ဘာတွေဖြစ်ကုန်ကြတာလဲ"

"မေမေ ခဏလောက်ရှောင်ပေးပါ"

"အေးပါ"
ဟုဆိုကာ မေမေက အိပ်ခန်းထဲ ၀င်သွားသည်။ထိုအခါမှ...

"ဖြေလေ ငါ့ကို ဘာကိစ္စစေ့စပ်ထားတာလဲ"
သွယ့်ပုခုံး ၂ဖက်ကို လှုပ်ယမ်းပစ်ပြီး ဥာဏ့်စိတ်တို့ ပေါက်ကွဲခွင့်ပြုလိုက်သည်။

"မောင့်ကို လက်မလွှတ်နိုင်လို့"

"ဘာ...ဟား...ဟား...သွယ် မင်းတော်တော် တစ်ကိုယ်ကောင်းဆန်တာဘဲ။ငါ့ကို လက်မလွှတ်နိုင်လို့ ဟုတ်လား.....မင်းတော်တော် စိတ်ပျက်ဖို့ကောင်းတာဘဲ။ငါ့ကို လက်မလွှတ်နိုင်တာ မဟုတ်ဘဲ ငါ့အရည်အချင်းတွေ ငါ့ဂုဏ်တွေ ကို လက်မလွှတ်နိုင်တာ မဟုတ်ဘူးလား သွယ် ဟမ်!!"

"ဟုတ်တယ်။သြစီက ထိပ်တန်း တက္ကသိုလ်က စီးပွားရေးဘွဲ့ရထားတဲ့ သူ လက်ရှိ companyမှာ marketingအဖွဲ့ရဲ့ အဖွဲ့မှုးအဖြစ် လစာကောင်းတဲ့ အလုပ်ရှိတဲ့ သူ အဲ့တာတွေက သွယ့်အတွက် ဂုဏ်ဘဲ"

"အဲ့တာဆို ဒီဓာတ်ပုံထဲမှာ ပလူးချင်တိုင်း ပလူးနေတာကရော ဘာသဘောလဲ ရှင်းစမ်းပါဦး"
သွယ်နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်ချရင်း စိတ်ပြန်လျော့ကာ မေးမိသည်။

"အပျော်သက်သက်ပါ"

"မျက်နှာပြောင်တိုက်တာလဲ တော်ရုံပေါ့ကွာ။မင်းမိဘ သိက္ခာလည်းထောက်ပါဦး"

မာနဖြင့် ထုဆစ်သောWhere stories live. Discover now