Part-14

6K 301 42
                                    

Unicode

"ဟဲ့ သား ပြန်တော့မလို့လား"

"ဟုတ် မေမေ"
ကျောပိုးအိတ်လွယ်ပြီးအပေါ်ထပ်ကနေ ဆင်းလာကာ ပြန်မည်ဆိုတဲ့ သားဖြစ်သူကြောင့် ဒေါ်သန္တာခင် မျက်လုံးပြူးရသည်။ဘယ့်နှယ့် မနေ့ညကမှ ပြန်ရောက်တာကို မနက်မိုးလင်းတာနဲ့ ပြန်တော့မည်တဲ့။ပိတ်ရက်တောင် ဘာတွေကိစ္စများနေရသနည်း...

"စာမေးပွဲအတွက် အလုပ်ရှုပ်နေလို့ပါ။စာမေးပွဲပြီးမှဘဲ ပြန်လာခဲ့မယ်။အဲ့ကျရင် အကြာကြီးနေမယ်လေနော်"

"အေးအေး။ဒီကြားထဲ အားရင် သွယ်လေးနဲ့ အိမ်လာလည်ကြဦးနော်"

"ဟုတ်....."
မေမေတို့က သွယ့်ကို တကယ်သဘောကျနေကြပြီ။ရတုပြောသလိုဘဲ မြွေကိုက်ပြီထင်ပါရဲ့....

ပြဿနာက ရှောင်လို့မရအောင် ကိုယ့်တည့်တည့်ကို တိုးနေပြီဘဲ...လာမယ့်ဘေး ပြေးတွေ့လိုက်တာက အကောင်းဆုံးမဟုတ်ပါလား။ရှောင်နေလို့လည်း မရဘူးလေ။ထားပါ လောလောဆယ်တော့ ဘာဘေးမှ ပြေးတွေ့စရာမလိုသေးဘူး။ပြေးတွေ့မယ့်တွေ့ ချစ်သူကိုဘဲ တွေ့စရာရှိတယ် ဒီနေ့။

ရတု fieldဆင်းတာ ဒီနေ့ပြန်လာမည်​တဲ့။ဒါကြောင့် ဥာဏ် တိုက်ခန်းကို မနက်စောစော ပြန်လာခြင်းဖြစ်သည်။ရထားပေါ်မှာ လူက သိပ်မများလှ။စောသေး၍ထင်သည်။ဥာဏ်လည်း သီချင်းအေးအေးတစ်ပုဒ်ကို နားကြပ်တပ်ပြီးသာ နားထောင်နေမိသည်။ရထားပေါ်ကဆင်းပြီးတာနဲ့ အိမ်ကို လမ်းထပ်လျောက်ရသည်။မနက်စာ မစားရသေးတာမို့  ဗိုက်က ဆန္ဒပြလို့နေပြီ။

24 hr martလေးထဲ၀င်ပြီး ပေါင်မုန့်တစ်ထုပ် ယိုတစ်ဘူး ၀င်၀ယ်ရသည်။အိမ်မှာ ယို ကုန်နေသည်လေ။ယို ကုန်ရသည့် တရားခံကတော့ ရတု။ပေါင်မုန့်နဲ့ယိုနဲ့ တွဲစားရင် ပေါင်မုန့်ကျိုးကျလောက်တဲ့အထိ ယိုသုတ်စားသည်လေ။နှစ်ပတ် တစ်ဘူး သို့မဟုတ် တစ်ပတ် တစ်ဘူး ပုံမှန်၀ယ်ရသည်။

အိမ်ရောက်လို့ တံခါးဖွင့်လိုက်တာနဲ့ ဖိနပ်ချွတ်နေရာမှာ တွေ့ရတဲ့ ဖိနပ်ကြောင့် ဥာဏ်မျက်လုံးပြူးရတော့သည်။မနက်အစောကြီးထဲက ပြန်ရောက်နေလေသလား....

မီးဖိုခန်းထဲ ၀င်ကြည့်တော့ မရှိ။ရေချိုးခန်းထဲ ၀င်ကြည့်တော့လည်း မရှိ။နောက်ဆုံးအိပ်ခန်းထဲ ကြည့်တော့မှာ ကုတင်ပေါ်မှာမှောက်ယားထိုးကြီး အိပ်နေတဲ့ရတုကို တွေ့ရသည်။ကျောပိုးအိတ်တောင် နေရာတကျမထားနိုင် ကြမ်းပြင်ပေါ်မှာ အပုံလိုက်လေး။

မာနဖြင့် ထုဆစ်သောWhere stories live. Discover now