Part-19

5.5K 297 8
                                    

Unicode

ကျောင်းပြန်တက်နေရပြီ ဖြစ်တဲ့အတွက် အတန်းတွေတက် assignmentတွေလုပ် စသည့်ပုံမှန် လုပ်ရိုးလုပ်စဥ်တွေနဲ့ ၂ပါးသွားပြန်ကရလေပြီ...

၂ယောက်စလုံး ကိုသီဟပြောတဲ့ စကားကြောင့် အရင်ကထပ် အနေအထိုင် ဆင်ခြင်ဖြစ်သည်။Public areaမှာ အရင်ကလို နမ်းဖို့မဆိုထားနဲ့ လက်ကိုင်တာ ပုခုံးဖက်တာတောင်မလုပ်သည်အထိ ဆင်ခြင်ကြသည်။အိမ်မှာဆိုရင်တော့ တစ်မျိုးပေါ့:-D

"ဥာဏ်"

"ဟေ ပြော"
စာကြည့်စားပွဲမှာ ထိုင်ရင်း စာအုပ်ဖတ်နေတဲ့ ဥာဏ်က ရတုကို ထိုမျှသာ attentionပေးသည်။လှည့်မကြည့်...

"ဥာဏ်ရေ.."

"အေး ပြောလို့..."
လှည့်မကြည့်....

#ဘုန်း#
ရတု တစ်ယောက် လှဲနေရာမှထလာကာ ဥာဏ်ဖတ်နေတဲ့ စာအုပ်ကို ဆွဲယူပြီး ဘုန်းခနဲ အသံမြည်သည်အထိ ပိတ်ပစ်လိုက်သည်။

"ရတု!"

"ငါစကားပြောနေရင် ငါ့ဆီမှာ အာရုံစိုက်တာကိုဘဲ ကြိုက်တယ်။မျက်နှာမကြည့်ဘဲ စကားမပြောတတ်ဘူး"
အစကတော့  မနက်ဖြန် မတ်လ၃ရက်နေ့ ပိတ်ရက်လည်းဖြစ် ချစ်သူသက်တမ်း၉လပြည့်လည်း ဖြစ်သည်မို့ အပြင်ထွက်လည်မည့်အကြောင်း ပြောမလို့ဘဲ။အခုတော့ ဒေါသကထွက်ရလေပြီ....

"ပြောစရာရှိတာ ပြောပါလား ရတုရာ...မဟုတ်တာကို ကြံဖန်ပြီး မရစ်စမ်းနဲ့"

"ဥာဏ်!"

"ဘာလဲ"

"တောက်!!"
#ဂျိမ်း#
တံခါးကို အသံမြည်သည်အထိ ဆောင့်ပိတ်ကာ ထွက်သွားတဲ့ ရတုနောက်သို့ ဥာဏ် လိုက်မသွားဖြစ်....

ဟုတ်သည်လေ ဒါလေးနဲ့ စိတ်ဆိုးရန်ဖြစ်ရအောင် ကလေးတွေလည်း  မဟုတ်ပါဘဲနဲ့။သို့သော် နေတတ်လားဆိုတော့လည်း မနေတတ်ပါ။အဲ့လိုနဲ့ဘဲ အမြဲဥာဏ့်ဘက်က စလျော့နေရတော့ ရတုက ကလေးဆိုးကြီးဖြစ်နေလေပြီ။ဒီတစ်ခါတော့ မလျော့နိုင်ဘူး။

#ring ring#

"Hello"

"...."

"okok.Bye"

အတန်းဖော်သူငယ်ချင်းမလေးGraceရဲ့ မွေးနေ့ဖြစ်တာကြောင့် clubတွင်ဆုံကြရန် ခေါ်ခြင်း။စိတ်ရှုပ်နေတာနဲ့ အတော်ဘဲ ဖြစ်သွားတာကြောင့် သွားရန် ဆုံးဖြတ်ပြီး အ၀တ်အစားလဲလိုက်သည်။

မာနဖြင့် ထုဆစ်သောWhere stories live. Discover now